Part(5)(U+Z)

6.3K 257 0
                                    

Unicode

​ရွှေရစ်​နောင်​ရန်​ကုန်​သို့​ရောက်​သည်​နှင့်​အိမ်​သို့ ဦးစွာ
သွားခဲ့သည်​။ကံ​ကောင်းစွာဖြင့်​အိမ်​တွင်​ဖေ​ဖေရှိ​နေသည်​မို့ ထိုလူ့မပါလာသည့်​အ​ကြောင်း​ပြောရန်​ဧည့်​ခန်းတွင်​
ထိုင်​နေသည့်​ဖေ​ဖေဆီသို့ ဦးတည်​လာလိုက်​သည်​။

"​ဖေ​ဖေ သား​ရောက်​ပြီ"

"​အေး သာလွန်​ရော အထဲဝင်​မလာပါလား"

"​ပြောမ​နေပါနဲ့​ဖေ​ဖေရာ
အဲ့လူက​လေ သူ့​အ​ဖေ အသည်းအသန်​ဖြစ်​တာ​တောင်​
စိုးရိမ်​စိတ်​နဲနဲမှ ပြတာမဟုတ်​ဘူး
သား​ခေါ်တာလဲ မလိုက်​ဘူးတဲ့​လေ
ဒါမဲ့ သားက​တော့ သူ့လိုစိတ်​မထားနိုင်​ပေါင်​
​ဖေ​ဖေဖုန်းဆက်​တာနဲ့ သားတန်းထွက်​လာတာ"

"အင်း သူ့ခမျာ့လည်း​ခြေ​ထောက်​ဒဏ်​ရာနဲ့ဆို​တော့
လာနိုင်​ရှာမှာ မဟုတ်​ဘူး သားပဲ သွား​မေးလိုက်​ပါကွာ"

"ဗျာ"

"ဘာလဲ"

"သားတစ်​ယောက်​ထဲလား"

"​အေး​လေ မင်းပြင်​ဦးလွင်​က​နေ​တောင်​တစ်​ယောက်​ထဲ
လာခဲ့တာ မဟုတ်​ဘူးလား"

"တစ်​ယောက်​တည်း မဟုတ်​ပါဘူး
ဦး​သော်​ပါတယ်​လေ"

"​အေး ခုလည်း ဦး​သော်​ကား​မောင်းပို့ခိုင်းမှာပဲ​လေ"

"ဒါမဲ့ သား တစ်​ယောက်​ထဲ​ဆေးရုံသွားမ​မေးချင်​ပါဘူး
​ဖေ​ဖေလည်း လိုက်​ခဲ့​လေဗျာ"

"ငါ ခုမှ ပြန်​လာတာကွ ပြီး​တော့ မင်း​ယောက္ခမက
​သက်​သာလို့​ဆေးရုံက ဆင်းပြီ အိမ်​မှာပဲ nurse​ခေါ်
ထားတယ်​"

"ဗျာ အဲ့​တော့ သားက အန်​ကယ်​မြတ်​တို့ အိမ်​သွားရမှာ
​ပေါ့"

"​အေး"

"..........."

"​မှောင်​တော့မယ်​ခုသွား​တော့ လူနာ​မေးသွားတာ
မုန့်​ပုံး​လေး ဘာ​လေး ဝယ်​သွားအုံး အိမ်​လိပ်​စာကို
ဦး​သော်​ပြောလိုက်​မယ်​"

​ရွှေရစ်​နောင်​မသွားပဲ​ပေကပ်​ကပ်​နှင့်​ရပ်​နေလိုက်​သည်​။

"​ရွှေရစ်​နောင်​"

"ဗျာ"

"မသွား​သေးဘူးလား"

love me little,love me long(Complete)Tahanan ng mga kuwento. Tumuklas ngayon