Part(29)(U+Z)

4.8K 201 16
                                    

Unicode

​ဒေါက်​!

​ဒေါက်​!!

"သား​ရေ
​မေ​မေ တံခါးဖွင့်​ဝင်​ခဲ့မယ်​နော်​"

​မေ​မေဝင်​လာသည်​မို့​ရွှေရစ်​အိပ်​ယာမှ ထကာ
ထိုင်​လိုက်​သည်​။​ဖေ​ဖေအချိန်​ပေးထားသည့်​တစ်​လဟာ
ကုန်​လွန်​ခါနီး​ပေမဲ့​ရွှေရစ်​သည်​တော့ အချိုးပြင်​ဖို့
မဖြစ်​ခဲ့။အိပ်​ယာ​ပေါ်မှ ဘီယာဗူးခွံတစ်​ချို့ကို​အောက်​သို့
ချကာ​မေ​မေထိုင်​ဖို့​နေရာရှင်း​ပေးလိုက်​သည်​။

"သား ဧည့်​သည်​ရောက်​နေတယ်​"

"သား ဘယ်​သူနဲ့မှ မ​တွေ့ချင်​ဘူး​မေ​မေ"

"သာလွန်​လေးဆိုရင်​ရော သားငယ်​"

​မေ​မေ့စကားဟာ ဗူးခွံများဖယ်​နေသည့်​ရွှေရစ်​၏
လက်​ကို ရပ်​တန့်​သွား​စေနိုင်​ခဲ့သည်​။

"ဟား​မေ​မေကလည်း .....
ဒီချိန်​မှာ သားကို အဲ့လိုကြီး မ​နောက်​ပါနဲ့"

"​မေ​မေ​မ​နောက်​ပါဘူးကွယ်​
သား မယုံရင်​အောက်​ထပ်​ဆင်းကြည့်​ပါ"

"ယုံချင်​တာ​ပေါ့​မေ​မေရယ်​
​မေ​မေ​ပြောသလို သားဖြစ်​ချင်​တာ​ပေါ့"

"​အော်​သားရယ်​
ဒါနဲ့ သာလွန်​က ပြန်​တော့မယ်​
သူအချိန်​မရဘူးတဲ့
ဘွားငယ်​မှာတာ သွားဝယ်​ရအုံးမယ်​တဲ့"

ခွမ်​! ခွမ်​! ခွမ်​!

​ရွှေရစ်​၏လက်​ထဲမှ ဗူးခွံ​လေးများ ကြမ်းပြင်​ပေါ်သို့
ပြုတ်​ကျကုန်​လေသည်​။

​ရွှေရစ်​အောက်​ထပ်​သို့ အလျင်​အမြန်​လျှောက်​သွားမိ
သည်​။ဧည့်​ခန်းသို့​ရောက်​ခါနီးချိန်​တွင်​တော့​ရွှေရစ်​
​ခြေလှမ်းများ ရပ်​တန့်​သွားသည်​။

တကယ်​ဖြစ်​ပါ​စေ။
လွန်​ခ တကယ်​ရောက်​နေပါ​စေ။
မဖြစ်​နိုင်​မှန်းသိ​ပေမဲ့ တကယ်​ဖြစ်​ပါ​စေ။

မရဲတရဲ​ခြေလှမ်းများဖြင့်​ရွှေရစ်​ဧည့်​ခန်းသို့
ဝင်​လာခဲ့သည်​။ဧည့်​ခန်းတွင်​တော့ ထိုင်​နေသူတစ်​ဦးမှ
ရှိမ​နေခဲ့။

ပြုံးရန်​ပြင်​ထား​သော​ရွှေရစ်​၏နှုတ်​ခမ်းများ မ​ကွေးညွှတ်​
နိုင်​ခဲ့။

love me little,love me long(Complete)Donde viven las historias. Descúbrelo ahora