Unicode
"ဟုတ်ကဲ့။ကျတော်သဘောတူပါတယ်အန်တီ"
အန်တီ၏တောင်းဆိုချက်ကို သာလွန်ခ သဘောတူ
လိုက်သည်။မနေ့က လူနာမေးသွားရင်းတွေ့ခဲ့သည့်
ရွှေရစ်၏သူငယ်ချင်းမှ သာလွန်ခကို guideပြရန်
အန်တီမှတစ်ဆင့်တောင်းဆိုခဲ့သည်။အလုပ်မရှိဘဲ
ရွှေရစ်တို့မိသားစုကို မှီခိုနေရသည်ကိုလည်း သာလွန်ခ
အားနာစိတ်ဖြစ်သည်။မိမိအလုပ်ထွက်လုပ်မည်ဆိုလျှင်လည်းရွှေရစ်အနေဖြင့်
တားမည်မှာသေချာသည်။တဖြည်းဖြည်းချင်းရွှေရစ်ကို
ဖျောင်းဖျပြီးကာမှ ကိုယ်ပိုင်အလုပ်တစ်ခုခု လုပ်ဖို့
ဆုံးဖြတ်ရမည်။ခုချိန်တွင်တော့ ပိုင့်ကို guideသင်ပေး
မည့်အကြောင်းကိုပင်နားဝင်အောင်ပြောရပေဦးမည်။"လွန်ခ....
ကျတော်လိုက်ရှာနေတာ"အတွေးမဆုံးခင်ပင်ရွှေရစ်ရောက်လာသည်။
"မေမေ စကားပြောချင်တာနဲ့ သာလွန့်ကို
ခေါ်လိုက်တာ ဒါနဲ့ သားရယ်
သာလွန့်ကို ကိုယ်ပိုင်အချိန်လေးကော
ပေးပါအုံးလားကွယ်"မေမေပြောသည်ကိုရွှေရစ်နားမလည်ဟန်ဆောင်ကာ
လွန်ခအနားတိုးထိုင်လိုက်သည်။"မေမေကလည်း လွန်ခရဲ့ကိုယ်ပိုင်အချိန်က သားလေ။
ဟီး... ဟုတ်တယ်မလား လွန်ခ"မိမိပုခုံးကို မှီကာ ချစ်စရာကောင်းအောင်ပြုံးပြနေသည့်
ကောင်ငယ်လေး၏စကားကို သာလွန်ခ မငြင်းရက်ပါ။"ဟုတ်ကဲ့ဗျ"
"ဟီး...."
"အဟွန်း.....ရှေ့မှာ မအေရှိသေးတယ်နော်ဟင်း ဟင်း"
မေမေ စနောက်လိုက်တော့ လွန်ခဟာ ရှက်သွားပုံရ
သည်။ခေါင်းမဖော်ဘဲ ငုံကာ ပြုံးနေသည်လေ။ဤသည်
ကို မျက်တောင်မခတ်ကြည့်နေသူမှာတော့ရွှေရစ်ပင်။
ကြိုက်မရှက်ငိုက်မရှက်ဆိုသည့်နှယ်ရွှေရစ်မှာလည်း
လွန်ခကို ရုပ်ကောနာမ်ကော ကြိုက်လွန်းသည်မို့
မရှက်နိုင်ပါ။
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...