Part(24)(U+Z)

5.2K 200 12
                                    

Unicode

​ရွှေရစ်​အနားရှိ ဖန်​ခွက်​ကို​ကောက်​ကိုင်​ကာ
​ဘေးမှတိုင်​ဆီသို့ အားဖြင့်​ပေါက်​လိုက်​သည်​။
​မြေပြင်​ပေါ်ကျလာ​သော ဖန်​ကွဲစထဲမှ တစ်​ခုကို​ရွှေရစ်​
​ကောက်​ယူကာ​မိမိလည်​ပင်းတွင်​ထောက်​လိုက်​သည်​။
ဤမြင်​ကွင်းကို မြင်​လိုက်​ရသည့်​ဦးလူပုကြီးမှာ
အထိတ်​ထိတ်​အလန့်​လန့်​ဖြင့်​

"ဟိတ်​ဟိတ်​
ဘာ ဘာလုပ်​မလို့လဲ​ကောင်​လေး"

"ဒီမှာ​တွေ့တယ်​မလား
ကျ​တော့်​ကို ဒီမှာ​နေခွင့်​မပြုရင်​
ကျ​တော်​ကိုယ့်​ကိုယ်​ကိုယ်​သတ်​သေမှာ"

"ဟာ အမှု​တွေပတ်​ကုန်​တော့မှာပဲ
သာလွန်​ခ မင်းလူကို​ပြောပါအုံးကွာ"

"သူက​ပြောတဲ့အတိုင်း လုပ်​တတ်​တာ ဦးလူနု"

သာလွန်​ခ၏ မုသားစကားပင်​။
သက်​သေမည့်​လူဟာ ဤသို့​တောက်​ပ​သော မျက်​ဝန်း
များ မရှိ။ဒါဟာ မိမိနှင့်​အတူ​နေချင်​၍ ဉာဏ်​များ​နေ
ခြင်းပင်​။

"ကျ​တော်​တကယ်​သတ်​သေမှာ​နော်​
​သေရုံနဲ့လည်း ပြီးမှာ မဟုတ်​ဘူး
ကျ​တော်​က လွန်​ခနဲ့အတူ​နေချင်​တာဆို​တော့
မကျွတ်​မလွတ်​သရဲဘဝနဲ့ ရှိ​နေမှာ
အဲ့ကျရင်​ဒီမှာ​နေခွင့်​မပြုတဲ့ ခင်​ဗျားကိုလည်း
လာ​ခြောက်​မှာ"

"ဟာ အဲ့လိုမလုပ်​နဲ့​လေကွာ
ငါ သရဲ​ကြောက်​တယ်​ဟ
မင်းတို့နဲ့​တော့ ဒုက္ခပါပဲကွာ "

အကြံအိုက်​နေ​သော ထိုလူကြီးကို​ရွှေရစ်​အကဲခတ်​
လိုက်​သည်​။

တစ်​စက္ကန့်​....

နှစ်​စက္ကန့်​.....

သုံးစက္ကန့်​......

​"​ကောင်းပြီကွာ
ဒီမှာ​နေခွင့်​ပြုမယ်​"

"တကယ်​....
​ကျေးဇူးတင်​လိုက်​တာ ဦးလူပုကြီးရာ"

​ရွှေရစ်​လွန်​ခနှင့်အတူ​နေရ​တော့မည်​မို့​ပျော်​ကာ
မိမိ​ရှေ့က ဦးလူပုကြီးကို​ပြေးဖက်​လိုက်​သည်​။

"ဖယ်​စမ်းပါကွာ
ငါက​ယောက်ျား​ချင်းချင်း မဖက်​ဘူးကွ"

"ဟဲ ဟဲ​ပျော်​သွားလို့ပါဗျာ
ဒါဆို ကျ​တော့်​ကို ခွင့်​ပြုပါဦးဗျာ ဟီး"

love me little,love me long(Complete)Tempat cerita menjadi hidup. Temukan sekarang