Unicode
"စုစုပေါင်းကျသင့်ငွေ ၉သိန်း၎သောင်းပါခင်ဗျ"
"ဒီမှာ ပိုက်ဆံ"
Laptopဆိုင်တစ်ခုတွင်ရွှေရစ်ရောက်ရှိနေခြင်းပင်။
သာလွန်ခအတွက်laptopကောင်းကောင်းလေး
တစ်လုံးဝယ်ပေးချင်နေသည်မှာ ကြာခဲ့ပြီ။ရွှေရစ်အိမ်ပြန်ရောက်ရောက်ချင်းအောက်ထပ်ရှိ
အခန်းငယ်လေးသို့ သာလွန်ခမမြင်အောင်မြန်မြန်သွက်
သွက်လျှောက်လာလိုက်သည်။ဟာလာဟင်းလင်းဖြစ်နေ
သော စားပွဲလေးပေါ်သို့ အသစ်စက်စက်laptopလေး
ကိုကျကျနနချလိုက်သည်။'ဟီး ပြည့်စုံသွားပြီ'
မိမိပြင်ဆင်ပေးထားသည်ကို မိမိသဘောကျကာ
ရွှေရစ်ပြုံးနေမိသည်။ရွှေရစ်သေသေချာချာကြည့်မိနေ
တုန်း စားပွဲအံလေးမှာ အနည်းငယ်ဟနေသည်မို့
အံဆွဲလေးကို ဖွင့်ကြည့်လိုက်သည်။ကတ်ပြားလေးများကိုတွေ့လိုက်ရသည်မို့ကောက်ယူ
ကြည့်လိုက်ရာ ကားလက်မှတ်တစ်စုံနှင့်ဘဏ်ကတ်
တစ်ခုဖြစ်သည်။ဘဏ်ကတ်သည်က သာလွန်ခစုဆောင်း
ထားသည့်ငွေများ ဖြစ်လိမ့်မည်။ဒါဆို ကားလက်မှတ်သည်
ဘာအတွက်ဖြစ်နိုင်မည်နည်း။"ရွှေရစ်"
"အာ လန့်တာဗျာ"
ရွှေရစ်စဉ်းစားခန်းဖွင့်နေသည်မို့ လွန်ခ၏ခေါ်သံမှာ
ရွှေရစ်ကို လန့်သွားစေသည်။"ကိုယ်အသံပေးတယ်လေ
ဒါနဲ့ ကိုယ့်အခန်းထဲ ဘာလုပ်နေတာလဲ""ခင်ဗျားတစ်ယောက်ထဲ အခန်းမဟုတ်ပါဘူး
ခင်ဗျားနဲ့ကျတော်က လက်ထပ်ထားတာဆိုတော့
ကျတော်လဲ ပိုင်တယ်""အဲ့ကတ်တွေကောရွှေရစ်ပိုင်တာပဲလား"
ရွှေရစ်လက်ထဲမှ ကတ်များကိုမေးငေါ့ပြလာသည်မို့
"ဒီကတ်တွေက ဟို.... ကျတော်အံဆွဲပွင့်နေတာ
တွေ့လို့ အဲဒါ..."
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...