Unicodeရွှေရစ်တို့အိမ်လေး၏ ထမင်းစားဝိုင်းလေးသည်
လူစုံလို့နေသည်။ထို့အပြင်တိတ်ဆိတ်လှသည့်
ထမင်းစားဝိုင်းလေးဖြစ်သည်။ယခင်နေ့က ကိစ္စနှင့်
ပတ်သတ်၍ဖေဖေသည်ရွှေရစ်တို့ကို စကားမပြောပေ။"သာလွန်....
သားလည်း ထည့်စားလေကွယ်"ဒေါ်ဆောင်းရစ်ငွေ့ မနေနိုင်စွာ ဝင်ပြောမိခြင်းပင်။
မိမိမျက်စိရှေ့တွင်သားငယ်လေးပန်းကန်ထဲသို့
ဟင်းမပျက်ရလေအောင်သားငယ်လေးအကြိုက်ဟင်း
များကို ထည့်ပေးနေသည့်သာလွန်မှာ ထမင်းတစိုးတစိ
မျှ မစားသေး။မိမိတို့ရှေ့ဖြစ်သည်မို့ ဂရုစိုက်ပြနေခြင်း
မျိုးမဟုတ်ဘဲ လုပ်ဆောင်နေကျ အကျင့်တစ်ခုသဖွယ်
ဂရုစိုက်ပေးနေသည်။သာလွန်ခအတွက်တော့ရွှေရစ်ကို ဟင်းထည့်ပေးတတ်
သည်မှာ အကျင့်ဖြစ်နေသည်။ဒီလိုပါပဲ။အချစ်ခံရသူက
ကိုယ်ဖြစ်ပေမဲ့ ဂရုစိုက်ပေးရသူမှာလည်း ကိုယ်ဖြစ်
သည်။မိခင်၏ အပြောကြောင့်ပီတိဖြာကာ
ကြိတ်ပျော်နေသည့်ကောင်ငယ်လေး၏အပြုံးကို
သာလွန်မြင်ဖြစ်အောင်မြင်လိုက်ပါသည်။ချစ်ရသည့်
ကောင်ငယ်လေး၏ အလိုက်မသိတတ်ခြင်းမှာလည်း
ချစ်စရာကောင်းနေရပြန်သည်။"သား.......
သာလွန်လေး စားပါစေကွယ်""ဟုတ်"
မိခင်၏စကားကြောင့်ရွှေရစ်၏မျက်နာဟာ ချက်ချင်းဆို
သလို စူပုတ်သွားပြန်သည်။သာလွန်ပြုံးကာကြည့်
မိတော့......."စားလေ..."
ဒါဟာ မကြည်စွာပြောသည့်စကားပင်။
သာလွန်ငုံ့ကာသာ စားနေလိုက်သည်။"မေမေ"
"ပြောလေ သား"
"မေမေချက်တဲ့ဟင်းရွက်ကြော်က စားကောင်းလိုက်တာ
သားဖြင့်စားကောင်းကောင်းနဲ့စားလိုက်တာ
ထည့်ထားသမျှ ကုန်ရော ဟီး"သာလွန့်ကို သွယ်ဝိုက်နည်းဖြင့်ဟင်းထည့်ပေးရန်
ပြောလာသည့်ရွှေရစ်ရယ်ပါ။သာလွန်မသိဟန်ဆောင်
ကာ ထမင်းဆက်စားနေလိုက်သည်။သာလွန်မသိမသာ
ဖြင့်ရွှေရစ်ကို မျက်လုံးစောင်းငဲ့ကြည့်လိုက်ရာ.......
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...