Part(30)(U+Z)

4.9K 194 9
                                    

Unicode

"​ကောင်းပြီ လက်​ခံရမှာ​ပေါ့....
ဒါမဲ့​နောက်​တခါ မ​ပြောမဆိုထွက်​သွားရင်​တော့
အန်​ကယ်​တို့​ရွှေရစ်​နောင်​ကို ပြန်​သိမ်းရလိမ့်​မယ်​"

"ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်​အန်​ကယ်​
ကျ​တော်​ထပ်​ထွက်​မသွား​တော့ပါဘူး"

"အဟွန်း.....
​ခပ်​ခွာခွာထိုင်​ပေးလို့မရဘူးလား​ရွှေရစ်​နောင်​"

ဦးဇွဲ​နောင်​ရှေ့မှ အမြင်​မ​တော်​သည့်​သား​ကြောင့်​
သတိ​ပေးကာ​ပြောရခြင်းပင်​။

သာလွန်​ခ၏လက်​မောင်းကို လက်​နှစ်​ဖက်​ဖြင့်​ဖက်​ကာ
သာလွန်​ခ၏ပုခုံး​ပေါ်ကို​မေးတင်​ထားသည်​မှာ
အ​ဝေးကကြည့်​လျှင်​ပင်​သာလွန်​ခ၏ပုခုံးနှစ်​ဖက်​မှာ
မညီညာ​တော့ဘဲ တစ်​ဖက်​စောင်းဖြစ်​နေ​လေပြီ။

"ဟုတ်​"

မျက်​နှာငယ်​လေးဖြင့်​မိမိလက်​မောင်းကို သိုင်းထား
သည့်​လက်​များကို ဖြုတ်​ကာ ခပ်​ခွာခွာထိုင်​လိုက်​
သည့်​ရွှေရစ်​ကို ကြည့်​ရင်း သာလွန်​သနားမိပြန်​သည်​။
အဘယ်​ကြောင့်​ဆို သနားခြင်းသည်​လည်း
အချစ်​၏တစ်​စိတ်​တစ်​ပိုင်းမို့ပင်​။

"သား....."

"သား​လေး သာလွန်​....."

​ရွှေရစ်​တို့အိမ်​တံခါးဆီမှ ကြားရသည့်​အသံများမှာ
သာလွန်​ခ၏အ​ဖေနှင့်​အ​မေထံမှပင်​။​ပြေးဖက်​လာသည့်​
မိခင်​ဖြစ်​သူကို ပြန်​ဖက်​ခြင်းမရှိဘဲ မလှုပ်​မယှက်​နေသည့်​
လွန်​ခမှာ​ရွှေရစ်​ကိုသာ​ကြည့်​မြဲ ကြည့်​နေသည်​။
​လွန်​ခအဖို့ မလွယ်​ကူမှန်း​ရွှေရစ်​သိပါသည်​။

"သားရယ်​ဘယ်​တွေသွား​နေတာလဲကွယ်​
​မေ​မေတို့မှာ စိတ်​ပူလိုက်​ရတာ"

​မေ​မေ၏အ​မေးကို​ဖြေဖို့ရန်​သာလွန်​ခ စိတ်​ကူးမရှိ။
ထို့​ကြောင့်​ကြားထဲမှ ဝင်​ဖြေရန်​ရွှေရစ်​ပြင်​လိုက်​သည်​။

"လွန်​ခက အသိတစ်​ယောက်​ဆီ သွားတာတဲ့ အန်​တီ
သားလည်း ဟိုမှာ​ပျော်​နေတာနဲ့ အန်​တီတို့ကို
အသိ​ပေးဖို့​မေ့သွားတာ ဟီး...."

love me little,love me long(Complete)Where stories live. Discover now