Unicode
"အောင်မှတ်ဖိုးကနေ စသင်ကြတာပေါ့ ညီခတ်ပိုင်"
စာရွက်များကို လှန်ကာ စိတ်ဝင်တစားကြည့်နေသည့်
ကိုသာလွန်ခဟာ အလွန်ပင်တည်ကြည်လွန်းလှသည်။
ရွှေရစ်နောင်တစ်ယောက်ကွေးသွားနိုင်လောက်ရန်
ကိုသာလွန်ခဟာ ပြည့်စုံလှသည်။"ကျတော့်ကို ပိုင်လို့ပဲခေါ်ပါ ကိုသာလွန်"
"အာ sorryကွာ
ကိုယ်က နာမည်အတိုကောက်မခေါ်တတ်လို့""အော်ရပါတယ်
ကိစ္စမရှိပါဘူး ။ကိုသာလွန်ခေါ်တတ်သလိုခေါ်ပါဗျ"ပိုင်ပြုံးပြလိုက်တော့ ကိုသာလွန်ခဟာ ပြန်ပြုံးပြ
လာသည်လေ။ပိုင်တို့နှစ်ဦး စာသင်နေခဲ့ကြသည်မှာ နှစ်နာရီကျော်
နေလေပြီ။ပိုင်အနည်းငယ်ငြီးစီစီဖြစ်လာသည်။
ဤသည်ကို ကိုသာလွန်ခ သတိထားမိပုံပေါ်သည်။"ဒီနေ့တော့ ဒီလောက်နဲ့ ရပ်ကြတာပေါ့ ညီခတ်ပိုင်"
"ဟုတ်ကဲ့"
"တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက အသားတင်၅လလောက်
လိုသေးတာဆိုတော့ ကိုယ်ကြိုးစားသင်ပေးပါ့မယ်
ညီခတ်ပိုင်အောင်မှာပါ""ဟီး ကူညီပေးပါအုံး ကိုသာလွန်
ဒီနှစ်တော့ ပိုင်အောင်မှ ဖြစ်တော့မှာ""ကိုယ်ကူညီနိုင်သမျှ ကူညီပါမယ်"
"ဟုတ်အော်... ဒါနဲ့ ပိုင်... ကိုသာလွန့်ကို
လက်ဆောင်ပေးစရာရှိတယ်ခနစောင့်ပေးနော်""ဟုတ်ကဲ့"
ညီခတ်ပိုင်ကိုစောင့်ရင်း သာလွန်ခ စာအုပ်များကို
သိမ်းဆည်းထားလိုက်သည်။ခေတ္တအကြာတွင်ပိုင်ဟာ
ရွှေငါးလေးများ ထည့်ထားသည့်ကန်ငယ်လေးတစ်ခု
ကို ပိုက်ကာ သာလွန်ခအနားရောက်လာသည်။"ပိုင်ဒီလာဘ်ရွှင်ေရွှငါးလေးတွေ ကိုသာလွန်ခကို
လက်ဆောင်ပေးချင်လို့""အာ...."
"ပိုင့်စေတနာကို မငြင်းပါနဲ့နော်
ဒီငါးလေးတွေက တကယ်လာဘ်ရွှင်တယ်
ကိုသာလွန်ခရဲ့"
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...