Part(4)(U+Z)

6.3K 263 4
                                    

Unicode

"ကျ​တော်​ခင်​ဗျားနဲ့ တစ်​ကုတင်​ထဲ မအိပ်​နိုင်​ဘူး
ဟိုးက ဆိုဖာမှာ ခင်​ဗျားသွားအိပ်​"

"​ကောင်းပြီ​လေ"

သာလွန်​ခ အိပ်​ရာထက်​မှ​ခေါင်းအုံးတစ်​လုံးကို လှမ်းယူကာ​မိမိ​ပေါင်​ပေါ်တင်​လိုက်​၍ ဝှီးချဲမှဘီးများကို လှိမ့်​ကာ
ဆိုဖာရှည်​ဆီသို့ ဦးတည်​သွားလိုက်​သည်​။

​ရွှေရစ်​နောင်​ဆိုသည့်​ကောင်​ငယ်​လေးဟာ​တွေ့သည့်​
အချိန်​မှစ၍ မိမိကို နိုင်​စား​နေသည်​။အမှန်​တကယ်​တွင်​
သာလွန်​ခ၏ အိပ်​ခန်းမှာ​အောက်​ထပ်​တွင်​သာ။

​ခြေ​ထောက်နှင့်​ကျောရိုးဒဏ်​ရာတို့​ကြောင့်​သာလွန်​ခ
ဝှီးချဲကို အသုံးပြု​နေရသည်​မို့ အ​ပေါ်ထပ်​တွင်​နေရန်​အဆင်​မ​ပြေ​ပေ။သို့​ပေမဲ့​ထို​ကောင်​ငယ်​လေးဟာ အ​ပေါ်ထပ်​တွင်​သာ​နေချင်​သည်​ဆိုလာသည်​မို့ သာလွန်​ခ
လိုက်​လျောခဲ့ရသည်​။

ခုတွင်​လည်း ထို​ကောင်​လေး သ​ဘောအတိုင်း ဆိုဖာတွင်​
အိပ်​ရန်​ပြင်​လိုက်​သည်​။ညဘက်​သိပ်​အိပ်​လေ့မရှိသည့်​
သာလွန်​ခအတွက်​သိပ်​တော့ အဆင်​မ​ပြေမဖြစ်​လှ။
သာလွန်​ခ ဘယ်​အရာကိုမှ မ​တွေး​တော့ဘဲ မျက်​ဝန်းများကို မှိတ်​လိုက်​သည်​။

ဆိုဖာ​ပေါ်တွင်​သက်​တောင့်​သက်​သာအိပ်​နေ​သော
ထိုလူကို ကြည့်​ကာ​ရွှေရစ်​နောင်​စိတ်​ပျက်​မိသည်​။
ထိုလူ အဆင်​မ​ပြေ​အောင်​လုပ်​သော်​လည်း မိမိစိတ်​သာ
အဆင်​မ​ပြေ ဖြစ်​ရပြန်​သည်​။

"စိတ်​ပျက်​စရာ"

​ရွှေရစ်​နောင်​တစ်​ကိုယ်​တည်း​ပြောလိုက်​ကာ ကုတင်​နှင့်​မျက်​နှာချင်းဆိုင်​တွင်​ထားရှိ​ထား​သော တီဗွီကို ဖွင့်​ကာ အသံကုန်​ချဲ့လိုက်​သည်​။

'ကျ​တော်​အိပ်​မ​ပျော်​မချင်း ငြိမ်းငြိမ်းချမ်းချမ်း အိပ်​ရမယ်​
မထင်​နဲ့ လွန်​ခ'

အ​တွေးဖြင့်​ပြောလိုက်​သော စကားထဲတွင်​'လွန်​ခ'ဆို
သည့်​နာမ်​စားပါလာပြန်​သည်​မို့​ရွှေရစ်​နောင်​မျက်​မှောင်​ကျုံ့မိသည်​။

love me little,love me long(Complete)Where stories live. Discover now