Part(28)(U+Z)

4.6K 193 6
                                    

Unicode

"ကြာတာကွာ.....
ပိုက်​ဆံ​စောင့်​ယူခဲ့ ဇွဲဇွဲ
ငါ ကားဆရာသွား​ပြောလိုက်​အုံးမယ်​"

"အွန်း"

ယ​နေ့လည်း သ​ပြေပန်းများ မြို့ထဲ ပို့ရသည်​။
ပိုက်​ဆံရှင်းရန်​စောင့်​နေ​သော်​လည်း အချိန်​အ​တော်​
ကြာ ရှင်းမ​ပေး​သေးသည်​မို့ ဇွဲဇွဲကို​စောင့်​ခိုင်းကာ
ကားလမ်းကူးရန်​ပြင်​လိုက်​သည်​။

ကျွီ!!

​ရွှေရစ်​ကားတိုက်​မိဖို့ အနည်းငယ်​သာ လို​တော့သည်​။
ဒီတစ်​ခါ​ရွှေရစ်​အမှား မဟုတ်​။အရှိန်​ဖြင့်​မောင်းလာ
သည့်​ကား၏အပြစ်​ပင်​။​ကားတံခါးဖွင့်​လာသည်​မို့
​ရွှေရစ်​ရန်​ထောင်​ရန်​ပြင်​လိုက်​သည်​။

"လူတစ်​ယောက်​လုံး လမ်းကူးလာတာ​တောင်​
မမြင်......."

​ရွှေရစ်​၏စကားများ လည်​ချောင်းတွင်း၌ ရပ်​တန့်​သွား
သည်​။

"​ရွှေရစ်​နောင်​"

"​ဖေ​ဖေ"

တစ်​ဖက်​တံခါးမှ ကားတံခါးဖွင့်​လာသည့်​မေ​မေ​ဟာ
​ရွှေရစ်​ကိုမြင်​တော့ တအံ့တသြဖြင့်​။

"​ဖေ​ဖေတို့ သားကို လိုက်​ရှာ​နေကြတာ
ဘာမ​ပြောညာမ​ပြောနဲ့ ဘယ်​ကို
ထွက်​သွားတာလဲ​ရွှေရစ်​နောင်​"

"သား..."

"ခုချက်​ချင်း ပြန်​လိုက်​ခဲ့​ရွှေရစ်​နောင်​"

"မလိုက်​ဘူး"

​ရွှေရစ်​ငြင်း​တော့​ဖေ​ဖေဟာ​ဒေါသတကြီး ကြည့်​လာ
သည်​။

"သား...သား မလိုက်​ဘူး​ဖေ​ဖေ"

"ဘာလို့ မလိုက်​တာလဲ
သာလွန်​ခ​ရော....
မင်းနဲ့အတူတူ ရှိ​နေတာလား"

​ဖေ​ဖေ့စကား​ကြောင့်​ရွှေရစ်​အထိတ်​တလန့်​ဖြစ်​သွား
မိသည်​။ဤသည်​ကို သတိထားမိသည့်​ဖေ​ဖေဟာ
​ရွှေရစ်​ကို သံသယမျက်​လုံးများဖြင့်​စူးစမ်းဖွယ်​
ကြည့်​လာသည်​။

"မရှိပါဘူး"

"မဖြစ်​နိုင်​တာ
သာလွန့်​ကို ရှာဖို့ ထွက်​သွားတာလို့
သာလွန့်​မိဘ​တွေက ငါ့ကို​ပြောတယ်​"

love me little,love me long(Complete)Where stories live. Discover now