Unicode
"မနက်စာပြင်ပေး"
နံနက်၅နာရီထိုး၍ အာရုဏ်ဦးအလင်းတက်စ အချိန်ဖြစ်
သည်။မနေ့ညက ဖြစ်ခဲ့သည့်ကိစ္စကြောင့်သာလွန်အိပ်ယာမှ
စောစောထကာ အခန်းထဲတွင်ကျကွဲလျက်ရှိနေသည့်
ကွန်ပျူတာ အစအနများကိုကောက်နေချိန်အခန်းဝဆီ
မှ ထွက်ပေါ်လာသည့်ရွှေရစ်အသံကြောင့်မော့ကြည့်
မိသည်။ကြည်လင်သော မျက်နာထားနှင့်တောင်းဆိုလာသည့်
ရွှေရစ်မှာ မနေ့က မိမိတို့နှစ်ဦး ရန်ဖြစ်ခဲ့သည်ဆိုသည်ကို
သတိရပုံပင်မရ။ဒါမှမဟုတ်ဒါဟာ မိမိကိုချော့သည့်နည်း
တစ်မျိုးလားမသိ။"ပြင်ပေးလို့"
"နာရီဝက်လောက်တော့စောင့်ရမယ်
ကိုယ်ထမင်းမတည်ရသေးဘူး""ကြက်ဥပြုတ်ပေး
အသင့်သောက်လက်ဖက်ရည်ထုပ်ကောနော်"ဒီကောင်လေးဟာ သာလွန်ခကို ရန်စရန်ဆင်းလာသည်လား။သာလွန်မျက်နှာကိုအကဲခတ်ကြည့်မိတော့
အမှန်ပင်ဗိုက်ဆာနေသည့်ပုံမို့ သာလွန်ထကာ ကြက်ဥ
ပြုတ်ပေးရန်ပြင်ရတော့သည်။ကြက်ဥပြုတ်ရသည်နှင့်အခွံနွှာကာ လက်ဖက်ရည်ထုပ်
တစ်ထုပ်ကိုဖောက်ဖျော်လိုက်၍ စားပွဲနားရှိ ထိုင်ခုံတွင်
ထိုင်စောင့်နေသည့်ရွှေရစ်ရှေ့သို့ အရောက်ပို့ပေးလိုက်
သည်။"ဘာလို့ နွှာလာတာလဲ"
ရွှေရစ်စကားမရှိ စကားရှာရန်ပြောလိုက်ခြင်းပင်။
"ပြီးရင်လဲ နွှာခိုင်းမှာပဲမဟုတ်လား"
အတော်ရစ်နိုင်တဲ့ရွှေရစ်။
သာလွန်စိတ်မရှည်စွာဖြေလိုက်တော့ ဘာမှပြန်မပြောဘဲ
ကြက်ဥတစ်လုံးကောက်ယူသောရွှေရစ်။"ရော့"
မိမိကို ကမ်းပေးလာသော ကြက်ဥအကာကို
ကြည့်ကာ သာလွန်မေးခွန်းထုတ်ရပြန်သည်။"အကာကို ဘာလုပ်ပေးရမှာလဲ"
"အကာ မကြိုက်ဘူး"
VOUS LISEZ
love me little,love me long(Complete)
Roman d'amourဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...