Unicode
"အို့ အို့ အို့ ...
ခွေးလေး ဒီကိုလာ .. လာ"သာလွန်ခ ခြံထဲခေတ္တဆင်းနေချိန်အမွှေးပွခွေးဖြူလေး
တစ်ကောင်ခြံထဲ ဝင်လာသည်ကိုတွေ့ရာ ချစ်ဖို့ကောင်း
သဖြင့်မိမိအနားလာအောင်မုန့်ဖြင့်မျှားနေခြင်း ဖြစ်သည်မိမိခေါ်တော့ မိမိအနား ချဉ်းကပ်လာသောခွေးဖြူလေးမှာ
အိမ်မွေးခွေးမို့ထင်သည်လူမကြောက်ပေ။သာလွန်ခသည်
ခွေးလေးတွေကိုမြင်လျှင်မနေနိုင်သည်မို့ကောက်ချီ
လိုက်ကာ"အဟား မင်းက ချစ်ဖို့ကောင်းလှပါလားကွ"
'ဝုတ်' 'ဝုတ်'
"ဟား ဟား ပြန်ပြောတာပေါ့ ဟုတ်လား"
သာလွန်ခတစ်ယောက်ခွေးလေးကို ချစ်မဝဖြစ်နေစဉ်.....
မိမိတို့ဆီသို့ ဦးတည်လာသောဘောလုံးတစ်လုံးဟာ
အရှိန်ဖြင့်ခွေးလေးကို ထိမှန်သွားသည်။ကိန်! ကိန်!!
နာသွားသည်မို့ ထင်သည်။ခွေးလေးသည်အသံကုန်အော်
ကာ သာလွန်ခလက်ပေါ်မှ ဆင်းပြေးရန်ပြင်နေလေသည်။
သာလွန်ခဘောလုံးလာရာသို့ လှမ်းကြည့်လိုက်ရာ
ခြံထဲဆင်းကာဘောလုံးကစားနေကြသောရွှေရစ်နောင်
တို့ သူငယ်ချင်းသုံးယောက်ကိုတွေ့ရသည်။"ကျွတ်ကျွတ်ဟုတ်ပကွာခွေးလေးကို နာသွားတာ"
သာလွန်ခခွေးလေး၏ခေါင်းလေးကို လက်ဖြင့်ဖွဖွလေး
ပွတ်သပ်ပေးနေခိုက်....."မသေသွားဘူးလား
အမြင်ကတ်လို့ လှမ်းကန်လိုက်တာကို....."ရွှေရစ်နောင်၏ စကားကြောင့်သာလွန်ခ အနည်းငယ်
စိတ်တိုသွားမိပေမဲ့ ဘာမှပြန်မပြောလိုက်။"ကျတော်ခွေးမချစ်ဘူးနော်
အဲ့ခွေးမွေးဖို့ မစဉ်းစားနဲ့"ပြောကာဘေးမှဘောလုံးကိုကောက်ယူ၍ သူငယ်ချင်း
တွေဆီ ပြန်သွားသောရွှေရစ်နောင်၏ကျောပြင်ကို
သာလွန်ခ ကြည့်နေမိသည်။
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...