Part(23)(U+Z)

5.4K 214 11
                                    

Unicode

"အ​ရေး​ပေါ်လူနာပါ"

"ဟုတ်​ဟုတ်​
ဒီဘက်​အခန်းကို ပို့​ပေး"

"​ဆလိုင်းချိတ်​တာ ၂နာရီကြာမယ်​"

ဆူညံ​နေသည့်​စကား​ပြောသံများကို​ရွှေရစ်​ကြား​နေရ
သည်​။​ရွှေရစ်​မျက်​လုံးဖွင့်​ကြည့်​လိုက်​ရာ မျက်​နာကျက်​
ဖြူကြီးကိုသာ မြင်​ရသည်​မို့ အားပြုထလိုက်​ရာ
ကုတင်​ကိုယ်​စီတွင်​လဲ​လျောင်း​နေ​သော လူနာများကို
​တွေ့ရသည်​။

​မိမိ၏​ခေါင်းမှာ တင်းကျပ်​ကျပ်​ဖြစ်​နေသလို ခံစားရသည်​မို့
​ရွှေရစ်​လက်​ဖြင့်​စမ်းကြည့်​ရာ ပတ်​တီးများကို စမ်းမိသည်​
အဖြစ်​အပျက်​များက မြန်​ဆန်​သည်​မို့​ရွှေရစ်​မိမိဘာဖြစ်​
သွားသည်​ကိုပင်​မသိလိုက်​။

"လွန်​ခ"

​ရွှေရစ်​ကုတင်​မှထလိုက်​ကာ လက်​မှ​ဆေးပိုက်​များကို
အမြန်​ဖြုတ်​လိုက်​သည်​။ဖြုတ်​ပြီးသည်​နှင့်​
​ဆေးခန်းတံခါးဝဆီ ဦးတည်​ရန်​ခြေလှမ်း စလှမ်းလိုက်​
သည်​။

သို့​ပေမဲ့​ခြေလှမ်းများ ရပ်​တန့်​သွားရသည်​။အဘယ်​
​ကြောင့်​ဆို​သော်​မိမိ၏လက်​ကို တစ်​စုံတစ်​ဦးက
လှမ်းဆွဲလိုက်​သည်​မို့ပင်​။ထိုလက်​ပိုင်​ရှင်​ကို
​ရွှေရစ်​လှမ်းကြည့်​လိုက်​ရာ.......

"လွန်​ခ"

အံ့သြမှုများဖြင့်​မျက်​ဝန်းမှ စီးကျလာ​သော
မျက်​ရည်​ပူ​နွေး​နွေးများ။

"လက်​က​ဆေးပိုက်​တွေကို
အကြမ်းဖြုတ်​ပစ်​ရလား​ရွှေရစ်​"

"ခင်​ဗျား​ကြောင့်​လေ"

"ကိုယ့်​ကြောင့်​ဆို​ရွှေရစ်​ပြန်​လှဲသင့်​တယ်​"

လွန်​ခသည်​သူ၏လက်​မှ​ဆေးပိုက်​ကို 'မ'ကာပြသည်​။
လွန်​ခ၏လက်​မှ​ဆေးပိုက်​အတွင်းတွင်​သွေးများ
စီးဆင်း​နေသည်​။ထို​သွေးများက စားပွဲ​ပေါ်မှ အိတ်​အ
ကြည်​လေးထဲ ဝင်​သွားသည်​။

"လွန်​ခ...."

"ဘာမှမ​ပြောဘဲ ကု​တင်​ပေါ် ပြန်​သွား​ပေး​ရွှေရစ်​
အားနည်း​နေတာမို့​သွေးသွင်းရမယ်​"

love me little,love me long(Complete)Where stories live. Discover now