Part(20)(U+Z)

5.8K 233 9
                                    

Unicode

"လွန်​ခ"

သာလွန်​ရွှေရစ်​၏​ခေါ်သံ​ကြောင့်​ခေါင်း​မော့ကြည့်​လိုက်​
​ပေမဲ့​ရွှေရစ်​ဟာ ကိုယ်​ပွားများစွာ ကွဲ​နေသည်​။
သာလွန်​မိမိမျက်​လုံးကို​လက်​ဖြင့်​ပွတ်​ကာ
​ရွှေရစ်​ကို​နောက်​တစ်​ခါထပ်​ကြည့်​သော်​လည်း
ထိုကဲ့သို့ပင်​မြင်​နေရသည်​။

"​ရွှေရစ်​"

လွန်​ခဟာ လက်​လှမ်း​လာသည်​မို့​ရွှေရစ်​လွန်​ခ၏လက်​က​လေးကို ဖမ်းဆုပ်​ကာ

"လွန်​ခ...
မူး​နေတာလား"

"ဟင်​....
ကိုယ်​လား
မူး​နေတယ်​ထင်​တယ်​"

စားပွဲ​ပေါ်မှ ဘီယာဗူးများက ၃ဗူးထက်​မနည်းသည်​မို့
လွန်​ခ မူး​နေသည်​မှာ​သေချာပြီ။

"ဟား ဟား
သာလွန်​က မူး​နေပြီ သား​ရေ"

"​ဖေ​ဖေကလဲဗျာ
ဘာလို့ လွန်​ခကို တိုက်​ရတာလဲ"

"​ဟေ​ဖေ​ဖေမတိုက်​ပါဘူးကွာ
​ရေဆာတယ်​ဆိုလို့ နဲနဲတိုက်​လိုက်​တာ
တစ်​ဗူးပြီးတစ်​ဗူး​သောက်​တော့တာပဲကွာ"

"​သား လွန်​ခကို​ခေါ်သွား​တော့မယ်​
လွန်​ခ.......
ကျ​တော့်​ကို တွဲ"

"အင်း"

​ရွှေရစ်​လွန်​ခ၏ခန္ဓာကိုယ်​လေးကို ထိန်း​ပေးကာ
အ​ပေါ်ထပ်​သို့ တက်​လာခဲ့လိုက်​သည်​။ကုတင်​လေး​ပေါ်သို့
လွန်​ခကို ဖြည်းဖြည်းလဲခိုင်းကာ ......

"ဘာလို့​သောက်​တာလဲ  လွန်​ခရာ
ခုမှ အ​စောကြီးရှိ​သေးတာကို"

"​ကောင်းလို့"

"ဟမ်​"

"အဒါ​သောက်​လိုက်​တော့​နေရထိုင်​ရ​ကောင်းသွားလို့"

"​အော်​ဒါဆို​နေ့တိုင်း​သောက်​ပါလား
​နေ့တိုင်း​နေရထိုင်​ရ​ကောင်းတာ​ပေါ့"

"​နေ့တိုင်း မလိုပါဘူး
ကိုယ်​ဒီ​နေ့ပဲ...."

ဆက်​မ​ပြော​တော့သည့်​လွန်​ခ​ကြောင့်​ရွှေရစ်​
စကား​ထောက်​လိုက်​သည်​။

"ဒီ​နေ့ပဲ ဘာဖြစ်​တာလဲ"

"ဒီ​နေ့ပဲ အဆင်​မ​ပြေတာ"

love me little,love me long(Complete)Onde histórias criam vida. Descubra agora