Unicode
"ကိုကိုကြီး ကြက်သားထည့်အုံးလေ"
မိမိပန်းကန်ထဲသို့ ကြက်သားတစ်ချို့ထည့်ပေးလာသော
လွန်းလွန်ခ။မိမိအနားတိုးလာတော့ ရလိုက်သည့်
ဆေးလိပ်နံ့အနည်းငယ်။"ဆေးလိပ်မဖြတ်သေးဘူးလား လွန်းလွန်"
သာလွန်ခ၏စကားသည်လွန်းလွန်ခအပါအဝင်
ဦးမြတ်သာလွန်နှင့်ဒေါ်ခင်ခင်ခ၏ ဇွန်းကိုင်ထားသော
လက်များကို ရပ်တန့်သွားစေသည်။"လွန်းလွန်ဖြတ်ဖို့ ကြိုးစားနေပါတယ်ကိုကြီး"
"သားရယ်မင်းညီမလေးလည်း လိမ်မာနေပါပြီ
မေမေတို့ စားစရာရှိတာ စားကြတာပေါ့
စကားနောက်မှပြောလည်း ရတာပဲကို"မေမေသည်ညီမလေးဆေးလိပ်စွဲရခြင်း၏ အဓိက
တရားခံပင်။မေမေသည်အသိုင်းအဝိုင်းကြီးထဲတွင်
မွေးဖွားလာသူဖြစ်၍ အသုံးအစွဲကြီးသည်။အပျော်အပါး
မက်သည်။သာလွန်ငယ်စဉ်ကတည်း အိမ်တွင်ဖဲဝိုင်းမ
ဖြစ်သည့်ရက်ဟူ၍ မတွေ့ဖူး။ဖေဖေနှင့်မေမေဟာ သာလွန့်ကို ဖိခဲ့သလောက်
ညီမလေးကိုမြှောက်စားခဲ့သည်။ညီမလေးစိတ်ကစား
တတ်သည့်အရွယ်ရောက်တော့ ဖဲလာကစားတတ်သည့်
မေမေ့အသိတစ်ဦး၏သားနှင့်ချစ်ကြိုက်ခဲ့သည်။ဆယ်ကျော်သက်အရွယ်မို့ အချစ်ကို ကမ္ဘာကြီးထင်မှတ်ခဲ့
သည့်လွန်းလွန်ဟာ ချစ်သူကောင်လေးနှင့်အတူ
မူးယစ်သောက်စားတတ်လာသည်။မေမေတို့သည်တော့
လူငယ်သဘာဝ လွတ်လွတ်လပ်လပ်နေတတ်သည့်
ခလေးများဟုတွေးကာ လွှတ်ပေးထားခဲ့သည်။သို့ပေမဲ့ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့်ဘိန်းကိုပါ
နှစ်ဦးသား စွဲလမ်းလာကြသည်။သာလွန်သိသည်နှင့်
မေမေတို့ကို သတိပေးခဲ့သည်။ထို့ကြောင့်ဖေဖေ၏
မိတ်ဆွေဖြစ်သည့်ဦးဇွဲနောင်၏သားနှင့်လွန်းလွန်ကို
အိပ်ထောင်ချပေးရန်စီစဉ်ခဲ့သည်။
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...