Part(25)(U+Z)

4.4K 178 4
                                    

Unicode

မျက်​ဝန်းအစုံဟာ ကြည်​လင်​စွာ ပွင့်​လာခဲ့သည်​။
သာလွန့်​အတွက်​ပထမဦးဆုံး အချုပ်​အ​နှောင်​မရှိ
လွတ်​လပ်​စွာ နိုးထရသည့်​နေ့ရက်​ပင်​။

နာရီကို လှမ်းကြည့်​လိုက်​ရာ မနက်​၄နာရီရှိ​သေးသည်​။
သို့​ပေမဲ့​စော​စောထတတ်​သည့်​အဘိုးအဘွားများ၏
တရှပ်​ရှပ်​ခြေသံများ၊ဘုရားကန်​တော့သံများကို
ကြား​နေရ​လေပြီ။

သာလွန်​ခ အိပ်​ယာသိမ်းကာ မျက်​နှာသစ်​ရန်​
​အောက်​သို့ ဆင်းခဲ့လိုက်​သည်​။

"သာလွန်​နိုးပြီလားကွ"

သာလွန့်​ကို လှမ်းနှုတ်​ဆက်​သူမှာ သာလွန့်​လိုပင်​
ိရိပ်​သာတွင်​အကူဝန်​ထမ်းဖြစ်​သည့်​ကိုလွမ်းရိပ်​ဖြစ်​
သည်​။

"ဟုတ်​ကဲ့ လူကြီး​တွေလဲ​စော​စောနိုးကြတာဆို​တော့
​လေ ကျ​တော်​လဲ​စော​စောထရတာ​ပေါ့"

"​အေးကွာ ရိပ်​သာမှာ​တော့ မနက်​စော​စောထကြတာ
အကုန်​လုံးလိုလိုပဲ"

​ရေကန်​သို့ အလင်းဟပ်​နေသည့်​မီးအလင်း​ရောင်​လေး
ရှိရာ သာလွန်​လှမ်းကြည့်​မိသည်​။ဝါကျင့်​ကျင့်​မီး​ရောင်​
​လေးရှိရာ စားဖို​ဆောင်​လေးသည်​မီးခိုးတလူလူဖြင့်​ပင်​။
ထိုစားဖို​ဆောင်​လေးအတွင်းရှိ​ရွှေရစ်​သည်​တော့
အိပ်​ရာမှ နိုးအုံးမည်​မထင်​။

"ဘာ​တွေများ စိတ်​ဝင်​တစားကြည့်​နေတာလဲ
သာလွန်​ရ"

"​ဗျာ"

"ဧကန္တ ဗိုက်​ဆာ​နေပြီလား သာလွန်​"

"မဆာ​သေးပါဘူးဗျ
ဘာလို့​မေးတာလဲ ကိုလွမ်းရိပ်​"

"​အော်​သာလွန်​က စားဖို​ဆောင်​ဘက်​
​ငေးကြည့်​နေလို့​လေ"

"အဲဒါက........"

"ဆန်​ဆေးရင်​ရေကို ဖြည်းဖြည်းသွန်​နော်​ရွှေရစ်​နောင်​
ဆန်​တွေ ပါကုန်​မယ်​"

စားဖို​ဆောင်​ဆီမှ​အော်​သံကြားလိုက်​သည်​မို့
သာလွန်​ပြောမည့်​စကားအား ရပ်​လိုက်​ကာ
ကြည့်​လိုက်​သည်​။ထို့​နောက်​သာလွန်​၏နှုတ်​ခမ်းများ
အနည်းငယ်​ကော့ညွှတ်​သွားသည်​။

love me little,love me long(Complete)Where stories live. Discover now