Part(26)(U+Z)

4.5K 186 3
                                    

Unicode

"မင်းတို့ထဲက ချဉ်​ပေါင်​ဟင်းချက်​တာ ဘယ်​သူလဲ"

"ဦးရှိန်​ပါ"

"ဦးရှိန်​ပါ"

အသံညီစွာ​အော်​ပြောလာကြသည့်​ရွှေရစ်​နောင်​နှင့်​
ငဇွဲ။

"ငရှိန်​"

"ခင်​ဗျာ"

"မင်းချဉ်​ပေါင်​ဟင်းရည်​က မချဉ်​ဘဲ
ဘာလို့ချို​နေတာလဲ ဟမ်​"

"ခင်​ဗျာ"

"ဘာခင်​ဗျာလဲ​
​နေ့တိုင်းဒါ​တွေပဲ ချက်​နေရတာကို"

"ဟို ချက်​တာက​တော့ ကျုပ်​ပါ
ဒါမဲ့ ...."

"ဒါမဲ့ ဘာလဲ"

"ချဉ်​ရည်​က​ပေါ့​နေလို့
ကျုပ်​ထမင်းအိုးငဲ့​နေ​တော့ လက်​မအားတာနဲ့
​ရွှေရစ်​နောင်​ကို ဆားနဲနဲ​တော့ ထည့်​ခိုင်းလိုက်​တယ်​"

​သေချာသည်​။အ​ဖြေက ရှင်းသွားခဲ့ပြီ။
ချဉ်​ပေါင်​ဟင်းကို ဟင်းချိုဖြစ်​အောင်​လုပ်​ခဲ့သူက
​ရွှေရစ်​နောင်​ဖြစ်​သည်​။

"ဟင်း ဟင်း ....
​ရွှေရစ်​နောင်​"

"ဗျ"

"မင်း ဆားနဲ့ ဟင်းချိုမှုန့်​ရော ခွဲတတ်​ရဲ့လား
ဆားက ငန်​ပြီး
ဟင်းချို........."

"လွန်​ခ"

ဦးလူနု၏စကားမဆုံးခင်​ထွက်​ပေါ်လာသည့်​ရွှေရစ်​နောင်​
၏​ခေါ်သံ​ဟာ အားလုံး​ကို​ကြောင်​သွား​စေသည်​။

သာလွန်​ခ မိမိနာမည်​ခေါ်ကာ မိမိဆီ​လျှောက်​လာသည့်​
​ရွှေရစ်​ကြောင့်​ဦးလူနုကို အားနာရပြန်​သည်​။အနား
​ရောက်​သည်​နှင့်​မိမိ၏​မေး​ရိုးကို ကိုင်​ကာ

"ဒါဘယ်​သူလုပ်​တာလဲ"

"ဘာကို​ပြောတာလဲ​ရွှေရစ်​"

"ဒီသနပ်​ခါး​တွေနဲ့ လွန်​ခကို​ချော​အောင်​လုပ်​တာ
ဘယ်​သူလဲလို့"

​ရွှေရစ်​၏စကားဟာ ကြားရသူဖို့ ရယ်​ချင်​ဖွယ်​ဖြစ်​စေ
​သော်​လည်း​ရွှေရစ်​အမှန်​ပင်​သဝန်​တို​နေခြင်း
ဖြစ်​သည်​။သနပ်​ခါးနှင့်လည်း တမျိုး​ကြည့်​ကောင်း
​နေသည့်​လွန်​ခ၏​ချော​မောမှုကို တခြားသူ​တွေ
မမြင်​စေလို။သက်​ကြီးရွယ်​အိုများ ဖြစ်​လျှင်​တောင်​
ခွင့်​မပြု။

love me little,love me long(Complete)Where stories live. Discover now