Unicode
ရက်သုံးဆယ်ကျော်...
ရိပ်သာလေးတွင်သာလွန်အဆင်ပြေပြေနေနိုင်ခဲ့သည်
မှာ တစ်လကျော်ခဲ့ပြီ။အချိန်တွေဟာ ဒီလိုပဲ အဆင်ပြေ
ပြေ ကုန်ဆုံးသွားခဲ့လို့ သာလွန်ကျေးဇူးတင်မိသည်။
ဒီရိပ်မြုံလေးတွင်နေရသည်ကို သာလွန်ပျော်မွေ့နေပြီ။အတိတ်တစ်ချိန်က မိမိနှင့်ပတ်သက်ခဲ့ဖူးသူတို့ကို
မေ့နိုင်လာခဲ့ပြီ။သို့ပေမဲ့အတိတ်တစ်ချိန်ကရွှေရစ်နောင်
ဆိုသည့်ကောင်လေးသည်တော့ ယခုလက်ရှိအချိန်ထိ
ပတ်သက်နေဆဲပင်။ အရင်လိုတော့ ချုပ်ကိုင်ခြင်း
မရှိတော့။"ရော့"
သာလွန်လျှော်ထားသည့်စောင်များအား လှမ်းနေစဉ်
အထုပ်လေးတစ်ထုပ်ကို လှမ်းပေးလာသည့်ရွှေရစ်
ကြောင့်သာလွန်လက်လှမ်းကာ ယူလိုက်သည်။
ထိုအထုပ်လေးသည်က အသင့်ဖျော်လက်ဖက်ရည်ထုပ်
လေးဖြစ်သည်။"အဟင်း... ဒီနေ့ မြို့ထဲ သပြေပန်းသွားပို့တာ
အဲ့ဒါ လမ်းကြုံလို့ ဝယ်လာခဲ့တာ""ကျေးဇူးပဲ
ကိုယ်ငွေပြန်ပေးမယ်နော်ရွှေရစ်""မလိုပါဘူး
ကျတော်ပိုက်ဆံပေါနေလို့ ဝယ်လာတာ"ခုချိန်ဓားပြလာတိုက်၍ ရှိတာအကုန်ထုတ်ဆိုရင်တောင်
တစ်ကျပ်မှ မရှိ၍ အသက်ခံရမည့်ရွှေရစ်ရယ်ပါ။
သို့ပေမဲ့ မိမိ ဤသို့မှ မပြောလျှင်လွန်ခက ပိုက်ဆံပြန်
ပေးမည်မှာသေချာသည်။"ကိုယ်...."
"အာ မပေးပါနဲ့ဆိုဗျာ
ကျတော့်မှာ လွန်ခကိုသောက်စေချင်လို့
ခွေးဆွဲခံပြီး ဝယ်လာရတာ""ခွေးဆွဲတယ်..."
"ဒီမှာကြည့်...
ပုဆိုးပြဲသွားတယ်"ဘောင်းဘီအရှည်ပေါ်တွင်ထပ်ဝတ်ထားသော
ပုဆိုးခပ်စိပ်စိပ်လေးကို ညွှန်ပြလာသည်။
ပုဆိုးအောက်စမှာ ပြဲနေရုံသာမက မွှာတတ်နေသည်။
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...