Part(36)(U+Z)

4.8K 164 6
                                    

Unicode

"ကိုယ်​အောက်​ထပ်​က​စောင့်​မယ်​နော်​ရွှေရစ်​"

"အင်း"

ကုမ္ပဏီသွားရမည်​မို့ ပြင်​ဆင်​နေသည့်​ရွှေရစ်​ကို
​အောက်​ထပ်​မှ​စောင့်​ရန်​သာလွန်​ခ ဆင်းလာခဲ့သည်​။
သစ္စာပန်းတစ်​စည်းကိုကိုင်​ကာ အိမ်​ထဲဝင်​လာသည့်​
အန်​တီကို နှုတ်​ဆက်​ရန်​ပြင်​လိုက်​သည်​။

"ဘုရားပန်း ဝယ်​လာတာလား အန်​တီ"

သာလွန်​ခနှုတ်​ဆက်​တော့ အန်​တီဟာ ချိုသာ​သော
အပြုံးများဖြင့်​စတင်​နှုတ်​ဆက်​လာသည်​။

"ဟုတ်​ပါ့ကွယ်​......
သား​လေးတို့ သွားကြ​တော့မှာလား"

"ဟုတ်​ကဲ့ဗျ"

"​အေး​အေး.... ဂရုစိုက်​သွားကြ"

"ဟုတ်​ကဲ့"

အန်​တီနှင့်​စကား​ပြောရင်း သာလွန်​ခ၏မျက်​လုံး​ထောင့်​
မှ မြင်​လိုက်​ရသည့်​အရာတစ်​ခု​ကြောင့်​သာလွန်​
ဧည့်​ခန်းသို့ လှမ်းကြည့်​လိုက်​သည်​။ကြည့်​ရုံဖြင့်​မဟုတ်​။
ထို​နေရာ​လေးသို့ သာလွန်​ခ​လျှောက်​လှမ်းလာလိုက်​
သည်​။

ငါးကန်​လေး၏​ရေပြင်​သည်​မှန်​ပြင်​သဖွယ်​ငြိမ်​သက်​
​နေ၏။ထိုကန်​လေးအတွင်းရှိ​ရွှေငါး​လေးများ၏လှပလှ
သည့်​အမြှီး​လေးများမှာ လှုပ်​ရှားမှုကင်း​နေ၏။
သို့​ပေမဲ့ အသက်​မရှိ​တော့​သော ထိုငါး​လေးများသည်​
လှမြဲလှ​နေ​သေးသည်​။

သာလွန်​ခ ဤအရာများကို မျက်​တောင်​မခတ်​
ကြည့်​လျက်​။

​နံ​ဘေးမှ အန်​တီ​ပြောလာ​သော စကားများကို
မကြားရ။

သို့​ပေမဲ့ မိမိ၏နားဆီသို့ စူးရှရှအသံငယ်​။ထိုအသံငယ်​
မှာ​ရွှေရစ်​ဆီမှပင်​။သာလွန်​ခ တင်းမာ​နေသည့်​
မိမိမျက်​နာထားကို သတိမထားမိ။ထိုငါးကန်​လေးမှ
အကြည့်​လွှဲကာ​မိမိ၏မျက်​ဝန်းအစုံကို​ရွှေရစ်​ထံ
​ပေးပို့လိုက်​သည်​။မိမိ၏အာရုံစိုက်​မှုကို ရ​တော့
​ရွှေရစ်​ဟာ မျက်​နာငယ်​လေးဖြင့်​စကားဆိုလာသည်​။

"လွန်​ခ......
ကျ​တော်​သတ်​တာ မဟုတ်​ပါဘူး"

"................"

love me little,love me long(Complete)Where stories live. Discover now