Part(32)(U+Z)

5.1K 167 5
                                    

Unicode

"လွန်​ခ...."

"လွန်​ခ....."

"ဟင့်​...ကျ​တော်​ခေါ်တာ ပြန်​ထူးလို့...."

လွန်​ခသည်​မြန်​ဆန်​သော​ခြေလှမ်းများဖြင့်​အိမ်​ထဲဝင်​
သွားသည်​မို့​ရွှေရစ်​အမြန်​ပြေးလိုက်​ရသည်​။
မိမိ​ခေါ်သည်​ကို လှည့်​မကြည့်​သည့်​လွန်​ခ​ကြောင့်​
​ရွှေရစ်​ဝမ်းနည်းစွာ ငိုမိသည်​။

"မငိုနဲ့"

"ဟင့်​... လွန်​ခ"

"ကိုယ်​အမှားလုပ်​ပြီး​အော်​ငိုမ​နေနဲ့​ရွှေရစ်​"

"ငိုမှာပဲဗျာ
မငို​စေချင်​ရင်​ကျ​တော့်​ခေါ်တာကို
ပြန်​ထူး​လေ"

"ဟင်း...."

သာလွန်​ခ သက်​ပျင်းချမိသည်​။ခ​လေးမ​လေးကို ကား​ဆီ
တွန်းပို့သည်​ကို သာလွန်​ခ မြင်​လိုက်​သည်​။အန်​တီခတ်​
တို့နှင့်​စကား​ပြော​နေ​သော်​လည်း မိမိမျက်​လုံးများမှာ
​ရွှေရစ်​ထံတွင်​သာ။

"ကိုယ်​ခုချိန်​စကားမ​ပြောချင်​ဘူး​ရွှေရစ်​"

"ဘာလို့ မ​ပြောချင်​လဲ
အငယ်​မနဲ့ကျ​ရေပက်​မဝင်​စကား​တွေ
​ပြော​နေပြီး​တော့...
ကျ​တော်​နဲ့ကျ မ​ပြောချင်​ဘူး​ပေါ့"

"ကျစ်​....​
ကိုယ်​ပြောတာ နား​ထောင်​ရွှေရစ်​
အငယ်​မ​လေးက ခ​လေးပဲရှိ​သေးတာ​လေ
ကိုယ်​က ခ​လေးတစ်​ယောက်​လို ချစ်​လို့......"

"မချစ်​နဲ့ "

"​ရွှေရစ်​.....
ကိုယ်​ရွှေရစ်​ခုလိုလုပ်​တာကို
မကြိုက်​ဘူး​နော်​"

"ကြိုက်​စရာ မလိုပါဘူး"

ကိုယ်​တစ်​ခွန်းဆို သူတစ်​ခွန်း ပြန်​ပြော​နေသည်​မို့
သာလွန်​ခ စကားဆက်​မ​ပြော​တော့ဘဲ အိပ်​ခန်းသို့
ဝင်​လာခဲ့လိုက်​သည်​။

ကုတင်​ပေါ်ထိုင်​နေသည့်​သာလွန်​ခအနား​ရောက်​လာ
​သော​ရွှေရစ်​။

​ရွှေရစ်​ကို မကြည့်​ဘဲ သာလွန်​မျက်​နာလွှဲ​နေလိုက်​တော့
မိမိ​ဘေး ကပ်​ထိုင်​လာသည်​။

"ကျ​တော့်​ကို ကြည့်​"

​ရွှေရစ်​ပြောသည်​ကို ကြား​သော်​လည်း သာလွန်​
မသိချင်​ဟန်​ဆောင်​နေလိုက်​သည်​။

love me little,love me long(Complete)Where stories live. Discover now