Unicode
မနက်ခင်းလေးဟာ သာသာယာယာ အစပြုလေသည်။
သာလွန်ခတို့အိမ်လေးသည်ကော သာယာနေပါ့မလား။သာလွန်ခ မနက်စောစောထကာရွှေရစ်စားနေကျအတိုင်း
ထမင်းဆီဆမ်းနှင့်သေသေချာချာမီးဖုတ်ထားသည့်
ဆိတ်သားခြောက်မွှာမွှာလေးကို ဆီဆားလူးကာ ပြင်
လိုက်သည်။ရွှေရစ်ဟာအပြင်ပန်းသဏ္ဏာန်အရ ကိန်းကြီးခမ်းကြီး
နိုင်သော်လည်း အစားအသောက်တွင်တော့
မြန်မာထမင်းဟင်းများကို နှစ်သက်သည်။ဟင်းဂျီးများ
သည်ဆိုသော်လည်း ဟင်းရည်သောက်မပါလျှင်
မစားတတ်သည်တို့ အနှစ်မပါလျှင်မစားတတ်သည်တို့
တော့ မဟုတ်ပေ။သူနှစ်သက်သည့်ဟင်းတစ်ခွက်ဖြင့်
ခြောက်ခြောက်ကပ်ကပ်စားတတ်သူ ဖြစ်သည်။"ဒီနေ့လည်း ထမင်းဆီဆမ်းပဲလားဗျ ကိုသာလွန်ခ"
"ငါ့ညီတို့တောင်နိုးလာပြီလား"
"ဟုတ်ကဲ့ဗျ"
"ကိုယ်မနက်စာ ပြင်ပေးထားတယ်
မင်းတို့သူငယ်ချင်းကော မနိုးခဲ့ကြဘူးလား""ရွှေရစ်နောင်လား
မပြောချင်ပါဘူး ကိုသာလွန်ခရာ
အဲ့ကောင်က မနက်ဆို နှိုးရခက်တယ်ဗျ
ခုလည်း ကျတော်ဝင်နိုးတာ
အော်လွှတ်လိုက်တယ်"ဝေယံ အမှန်ပင်ရွှေရစ်နောင်အော်တာ ခံခဲ့ရခြင်းပင်။
"အော်ခံရမှာပေါ့ မင်းက ရှည်တာကိုး
သူက မင်းလာနှိုးတာခံချင်တာမှ မဟုတ်တာ""ဟမ်....
အော်........"ဝေယံ ခွန်းသစကားကို အတော်စဉ်းစားယူရသည်။
ဤသို့ ဒုန်းဝေးသောကြောင့်လည်းဝေယံတစ်ယောက်
ခုထိ singleဖြစ်နေရခြင်း ဖြစ်သည်။"ဒါနဲ့ ကိုသာလွန်ခက သွားမနှိုးဘူးလား"
"ရွှေရစ်က ကိုယ့်ကို စိတ်ဆိုးနေတယ်ထင်တယ်"
"ဟုတ်လားဗျ
ကိုသာလွန်ခလည်းရွှေရစ်နောင်ဆိုးသမျှ
သည်းခံရမှာပဲနော်"
BINABASA MO ANG
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...