Part(8)(U+Z)

5.9K 240 2
                                    

Unicode

"​ရွှေရစ်​"

"​ရွှေရစ်​"

​ရွှေရစ်​အိပ်​ပျော်​နေရာမှ​ခေါ်သံကြားသဖြင့်​မျက်​လုံး
များကို ဖွင့်​ကြည့်​လိုက်​ရာ အိပ်​ရာ​ဘေးမှ မိမိကို နှိုး​နေ
သည့်​သာလွန်​ခကို​တွေ့ရသည်​။

"ဟမ်​"

အိပ်​ချင်​မူးတူးဖြင့်​ရွှေရစ်​တစ်​ယောက်​ရန်​ထောင်​ဖို့
အားမရှိ​သေး။

"ဒီ​နေ့ ကိုယ်​ဆေးခန်းပြရက်​လေ
ကိုယ်​မ​နေ့က​မေ့ပြီး​ရွှေရစ်​ကို မ​ပြောလိုက်​မိတာ"

"အင်းအင်း....
ဘယ်​ချိန်​သွားရမှာလဲ လိုက်​ပို့ရမှာလား"

"မနက်​၉နာရီချိန်းထားတာ"

"ဟမ်​ခုက မိုး​တောင်​မလင်း​သေးဘူးမလား"

"မိုးလင်းပါပြီ​ရွှေရစ်​ရဲ့
မနက်​၆နာရီ ထိုး​တော့မယ်​"

"​စောကြီးရှိ​သေးတယ်​လေဗျာ"

"ကိုယ်​ဈေးလည်း ဝင်​ချင်​သေးလို့
​ရွှေရစ်​ဆက်​အိပ်​လိုက်​ပါ ကိုယ်​ကား​ခေါ်ထားတယ်​
ကိုယ်​ရွှေရစ်​စားဖို့ မနက်​စာလည်းြ​ပင်​ထားခဲ့တယ်​"

"အမ်း ဒါပဲမလား
ပြန်​အိပ်​ပြီ"

​ရွှေရစ်​နောင်​စောင်​ခေါင်းမြီးခြုံကာ တစ်​ဖက်​လှည့်​သွား
သည်​မို့ သာလွန်​ခလည်း အခန်းအပြင်​ထွက်​လာခဲ့လိုက်​သည်​။

စံ​တော်​ချိန်​မနက်​ဆယ်​နာရီရှိချိန်​၌........

'ပွမ်​'

'ပွမ်​' 'ပွမ်​'

ခြံ​ရှေ့မှ ကားဟွန်းတီးသံ'တပွမ်​ပွမ်​'မြည်​နေသည်​မို့
​ရွှေရစ်​နောင်​အိပ်​ပျော်​နေရာမှ တစ်​ဖန်​နိုးလာသည်​။

"ဟာကွာ...."

အိပ်​ရာမှ အမြန်​ထကာ​လှေကားထိပ်​မှ​နေ​အောက်​ထပ်​သို့ လှမ်း​အော်​လိုက်​သည်​က

ထက်​ရှိုင်း!

ထက်​ရှိုင်း!!

'ကျစ်​ဘယ်​ရောက်​နေတာလဲ'

ထိုခ​လေး သူ​ဆေးခန်းပြရာ ပါသွားသည်​ထင်​သည်​။
ဒါဆိုလည်း ခြံတံခါးဖွင့်​ဝင်​လာတာမဟုတ်​။
တံခါးဖွင့်​စောင့်​နေသည်​လေ။

love me little,love me long(Complete)Where stories live. Discover now