Part(9)(U+Z)

5.7K 248 10
                                    

Unicode

​နေ့လည်​၁၂နာရီထိုးပြီဖြစ်​သော်​ငြား​ရွှေရစ်​နောင်​တို့
သူငယ်​ချင်းသုံးဦးမှာ ဧည့်​ခန်းအတွင်း ဆိုဖာအထက်​မှ
ရုန်းမထွက်​နိုင်​ကြ။​ဝေယံမှာ ဂိမ်း​ဆော့​နေပြီး ခွန်းသမှာ
မနက်​ကတည်းကပင်​Facebookသုံး​နေသည်​။

ဖုန်းတစ်​လုံးစီဖြင့်​အလုပ်​ရှုပ်​နေကြ​သော သူငယ်​ချင်း
နှစ်​ဦးကို ကြည့်​ကာ​ရွှေရစ်​နောင်​သက်​ပျင်းချမိသည်​။

"​နေပါဦး မင်းတို့နှစ်​ယောက်​က အပြင်​လေးဘာ​လေး
ထွက်​ဖို့ စိတ်​ကူးမရှိကြဘူးလား"

"ငါတို့က မင်းဆီအလည်​လာတာ​လေ​ရွှေရစ်​နောင်​ရာ
ဘယ်​သွားရမှာလဲ"

ဂိမ်း​ဆော့ရင်း​ဝေယံမှ ပြန်​ဖြေလာသည်​။

"​အော်​ပြင်​ဦးလွင်​ရောက်​တုန်း ပန်းပွဲ​တော်​တို့ မသွားချင်​
ကြဘူးလား"

"ပျင်းစရာ သွားရ​အောင်​ကောင်​မ​လေးလည်းမရှိဘူး
ကလပ်​ဆို​တော်​သေး​နော့ ခွန်းသ"

"အင်း"

"​အော်​အေးပါဟ...
​မင်းတို့သ​ဘောကျ​နေပါ"

"​ရွှေရစ်​နောင်​"

"ဘာတုန်း"

"ဒီမှာလာကြည့်​"

ခွန်းသမှ သူထိုင်​နေသည့်​နေရာမှ ဖုန်းလှမ်းပြလာသည်​။

"ဘာကြီးလဲ မမြင်​ရဘူး"

"ဒီနားလာကြည့်​လေကွာ"

"ပျင်းတယ်​"

"​အေး လာမကြည့်​နဲ့ မင်းမမနန်းဆီက messageလာတာ"

"ဘာတဲ့လဲ"

"သိချင်​လာဖတ်​လေကွာ"

"မလာဘူးကွာ"

​ဝေယံ မိမိ​ရှေ့မှနှစ်​ယောက်​ကို မျက်​စိ​နောက်​လာသည်​။

"ကဲ ကဲ ခွန်းသ မင်းကလည်း​ပြောမှာ​ပြောပြလိုက်​
​အဲ့​ကောင်​က ဆိုင်​ရာပိုင်​ရာ​တွေ ရှိလာ​တော့
ခပ်​ချေ​ချေဖြစ်​လာတာ​ဟေ့​ရောင်​ရေ့"

"​အေးပါကွာ မင်း​ပြောသလို ဟုတ်​မှာပါ
မမနန်းက​တောင်​သူ့ကို အဆက်​အသွယ်​မလုပ်​လို့
​ပြော​နေတာဆို​တော့......"

love me little,love me long(Complete)Donde viven las historias. Descúbrelo ahora