Part(12)(U±Z)

5.8K 249 6
                                    

Unicode

  "ငါ 'မ'နဲ့ ပြတ်​သွားပြီ"

ကုတင်​ပေါ်တွင်​ခြေပစ်​လက်​ပစ်​ထိုင်​ကာ မျက်​တောင်​မ
ခတ်​စဉ်းစားဟန်​ဖြင့်​ပြောလာ​သော​ရွှေရစ်​နောင်​၏စကား
​ကြောင့်​ခွန်းသနှင့်​ဝေယံတို့ ရယ်​မိကြသည်​။

"ဟား ဟား မင်း ငါတို့ကို စ​နေတာမလား"

"ဟား ဟား"

​ဝေယံတို့ စ​နေသည်​အထင်​ဖြင့်​ရယ်​ကြ​သော်​လည်း
ခပ်​တည်​တည်​မှင်​သက်​သက်​ဖြင့်​မိမိတို့ကို ပြန်​ကြည့်​
​နေ​သော​ရွှေရစ်​နောင်​၏ မျက်​နာထားသည်​က
စ​နေဟန်​မ​ပေါ်။ခွန်းသနှင့်​ဝေယံ မျက်​နာပိုးသပ်​၍
​ရွှေရစ်​နောင်​၏​ဘေးတွင်​ဝင်​ထိုင်​လိုက်​ကာ....

"မင်း အတည်​ပြော​နေတာလား"

"ငါက အဲ့ကိစ္စနဲ့ မင်းတို့ကို 'စ' စရာလား"

"ဘယ်​လိုဖြစ်​တာလဲ မင်းတို့က.."

​ရွှေရစ်​မိမိ၏ဆံပင်​ကောက်​ကောက်​လေးများကြား
လက်​များထိုးဖွရင်း

"မသိ​တော့ဘူးကွာ"

"ဟမ်​ဘာမသိတာလဲ
မင်းမမက အရင်​စဖြတ်​တာလား
ဘာလဲ မင်းမမက အသစ်​တွေ့သွားတာလား"

"မဟုတ်​ဘူး ငါအရင်​လမ်းခွဲလိုက်​တာ"

"ဘာ!! မင်းက လမ်းခွဲခဲ့တာ
ငါ နားကြားမှားတာလား ခွန်းသ"

"မင်း အသာ​နေစမ်းပါကွာ
ငါ​မေးကြည့်​ပါဦးမယ်​......
​ဘယ်​လိုဖြစ်​တာလဲ​ရွှေရစ်​နောင်​"

ခွန်းသ​မေး​တော့​ရွှေရစ်​ဟာ အ​ဖြေမရှိသည့်​နှယ်​
​ခေါင်းရမ်းပြသည်​။

"ငါမသိဘူး ခွန်းသ
ဒီ​နေ့ ငါ 'မ'နဲ့​ကော်​ဖီဆိုင်​မှာ သွား​တွေ့တယ်​ကွာ
ဒါမဲ့ 'မ'နဲ့​တွေ့​တော့ အရင်​လို​ပျော်​မ​နေခဲ့ဘူး
ပြီး​တော့ အဲ့လိုအ​နေအထားကြီးက ငါ့ကို
စိတ်​ကျဉ်းကျပ်​သလိုကြီး ခံစားရတယ်​"

"ဒါနဲ့ မင်းက လမ်းခွဲစကား​ပြောခဲ့တယ်​ပေါ့"

"​အေး ဒါမဲ့ ငါမရည်​ရွယ်​ဘဲ​ပြောထွက်​သွားတာ"

"မင်း​ပြော​တော့ မင်းမမက လက်​ခံလား"

"အ​ကြောင်းပြချက်​တွေ​မေးတာ​ပေါ့ကွာ
ငါလည်း ဘာမှမ​ပြောဘဲ ထွက်​လာခဲ့လိုက်​တာ"

love me little,love me long(Complete)Where stories live. Discover now