Unicode
"အား ကျွတ်ကျွတ်"
မနေ့ညက ဝမ်းလျှောနေသည်မို့ မိုးလင်းခါနီးမှရွှေရစ်
အိပ်ရသည်။ခုလည်း မနက်အလင်းရောင်ကြောင့်
မျက်လုံးများ ပွင့်လာသည်။ရွှေရစ်အိပ်ရေးမဝ၍
ခေါင်းအနည်းငယ်မူးနေသည်။အိပ်၍လည်း မပျော်တော့သည်မို့ လွန်ခရှိလောက်မည့်
ထမင်းစားခန်းသို့ ဦးတည်လာခဲ့သည်။သို့ပေမဲ့ မရှိခဲ့။
အောက်ထပ်အခန်းတွင်လည်း မရှိ။အိမ်ပြင်တွင်လည်း
မတွေ့။"ထက်ရှိုင်း"
"ထက်ရှိုင်း"
"ဗျာ အကိုလေး "
"လွန်ခရော"
"မနက်တုန်းကတော့ကျောပိုးလွယ်အိတ်တစ်လုံးနဲ့
ထွက်သွားတာတွေ့တယ်အကိုလေး""ကျစ်ဘာမှပြောမသွားဘူးလား"
"ပြောမသွားဘူးဗျ"
ပြောရင်းဆိုရင်းရွှေရစ်တစ်စုံတစ်ရာကို အတွေးရောက်
သွားသည်မို့ အိပ်ခန်းဆီသို့ အပြေးသွားလိုက်သည်။
အိပ်ခန်းရောက်သည်နှင့်ဗီရိုထဲတွင်ရှိသော လွန်ခအင်္ကျီ
များကိုသေချာကြည့်မိတော့ ဝတ်နေကျ အင်္ကျီတစ်ချို့
နှင့်ဘောင်းဘီရှည်တစ်ချို့ပျောက်နေသည်။"ဟင့်အင်း မဖြစ်နိုင်လောက်ပါဘူး"
တီ! တီ!! တီ!!!
ခြံရှေ့မှ ကားဟွန်းတီးသံဟာရွှေရစ်၏အတွေးကို
ရပ်တန့်သွားစေသည်။ရွှေရစ်အောက်ထပ်သို့ အမြန်
ဆင်းကာ ခြံထဲဝင်လာသော ကားလေးဆီ ဦးတည်
သွားလိုက်သည်။"လွန်ခ"
မဟုတ်ခဲ့။လွန်ခ မဟုတ်ခဲ့။ရွှေရစ်၏အတွေးများ
ပြန်လည်ဝင်ရောက်လာစေသည်။ကားလေးပေါ်မှ ဆင်းလာသည်က ဦးမြတ်သာလွန်နှင့်
ဒေါ်ခင်ခခပင်။"အန်ကယ်နဲ့ အန်တီ"
"သားလေးခုမှနိုးတာလား
သားအန်ကယ်အတွက်ပြင်ဦးလွင်ကဆေးဆရာဆီ
ဆေးလာယူရင်း အန်တီတို့ သားတို့ဆီ ဝင်လာခဲ့တာ
သာလွန်ရော နိုးပြီလား သား"
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...