Unicode
လွန်ခ!!
လွန်ခ!!!
ရွှေရစ်နောင်အပြင်မှပြန်လာရာ အိမ်ထဲတွင်
သာလွန်ခကို မတွေ့သည်မို့အော်ခေါ်နေခြင်းပင်။
အိပ်ခန်းတွင်လည်း မရှိ။ခေါ်နေသည်ကိုလည်း ပြန်မထူး
သည်မို့ရွှေရစ်ဒေါသထွက်လာသည်။အောက်ထပ်အခန်းတွင်ရှိလောက်မည်ဟုတွေးထား
သော်လည်းအောက်ထပ်တွင်လည်း ရှိမနေ။"ကျစ်ဘယ်သွားနေတာလဲကွာ"
ရွှေရစ်တစ်ကိုယ်တည်းရေရွှတ်မိသည်။
"ဝေယံနဲ့ လမ်းထိပ်က စတိုးဆိုင်ခဏသွားတယ်
ရွှေရစ်နောင်"ရွှေရစ်နောက်ကျောဘက်ဆီမှ အသံကြားသည်မို့
လှည့်ကြည့်လိုက်ရာ လက်ပိုက်ကာ ခပ်တည်တည်နှင့်
မိမိကို ကြည့်နေသော ခွန်းသကိုတွေ့ရသည်။"အဟွန်း...
ဟုတ်လား""အင်း.....
ရွှေရစ်....""ဘာလဲ"
"မင်း ကိုသာလွန်ခအပေါ် မရိုးတော့ဘူးမလား"
"အဟွတ်! အဟွတ်!!
ဘာ... ဘာ မရိုးရမှာလဲ
မင်းပြောတာ နားမလည်ဘူး"ရွှေရစ်နားမလည်သည့်ပုံနေလိုက်သော်လည်း
မိမိကိုသေချာကြည့်ကာ အကဲခတ်နေသည့်ခွန်းသ
ကြောင့််ရွှေရစ်ဖုံးကွယ်ရန်မဖြစ်နိုင်တော့ပေ။"ကျစ်!အေး ဟုတ်တယ်ကွာ
ငါ မရိုးဘူး"ခွန်းသကို လိမ်ပြောဖို့ရန်မဖြစ်နိုင်။
အရင်ကတည်းကဝေယံကို နှစ်ပတ်သုံးပတ်လှည့်ကာ
လိမ်နိုင်သော်လည်း ခွန်းသကိုတော့ အမှန်တိုင်း
ပြောရလေ့ရှိသည်။ခွန်းသသည်လူကဲခတ်တတ်လွန်း
၍တော့မဟုတ်။ဝေယံသည်ကျပ်မပြည့်၍သာ။"ငါ သိတယ်"
ရွှေရစ်လက်ထဲမှ ဗူးလေးကိုသေချာကြည့်လာသည့်
ခွန်းသကြောင့်ရွှေရစ်မသိမသာ လက်ကိုနောက်ပစ်
လိုက်သည်။
YOU ARE READING
love me little,love me long(Complete)
Romanceဖအေဖြစ်သူ၏ အကျပ်ကိုင်မှုဖြင့်ကောင်ငယ်လေးတစ်ယောက်ကို လက်ထပ်လိုက်ရသော သာလွန်ခ။ သာလွန်ခနည်းတူ စိတ်မပါဘဲ လက်ထပ်ဖို့ သဘောတူခဲ့သည့် ကောင်ငယ်လေးရွှေရစ်နောင်ဟာ သာလွန်ခအပေါ် မည်သို့သဘော ထားမည်နည်း။ ရွှေရစ်နောင်၏ စိတ်ထဲတွင်...