Part(13)(U+Z)

5.2K 228 4
                                    

Unicode

ခွမ်​!!

ကြမ်းပြင်​ပေါ်သို့ ကျသွား​သော ပန်းကန်​ပြား​လေးဟာ
အစိတ်​စိတ်​အမြွှာမြွှာ။

မိမိ​ခြေဖျားပတ်​လည်​တွင်​ပျံ့ ကြဲ​နေ​သော ပန်းကန်​ပြားအစ
အန​လေးများကို သာလွန်​ခ ရပ်​ကြည့်​နေမိသည်​။

"ငါနဲ့ တူလိုက်​တာ"

တစ်​ကိုယ်​တည်း​ပြော​နေမိခြင်းပင်​။

ထိုအချိန်​ထမင်းစားခန်းထဲဝင်​လာ​သော မင်းသစ္စာ။

"သာလွန်​တစ်​ယောက်​တည်း ဘာ​တွေ​ပြော​နေတာလဲ"

​ဘေစင်​အနားတွင်​တစ်​ယောက်​ထဲ ရပ်​စကား​ပြော​နေ​သော သူငယ်​ချင်းဖြစ်​သူ သာလွန်​ခကို စကား​ပြော
လိုက်​ခြင်းပင်​။အမှန်​တော့ ချစ်​ရသူဟု​ပြောရလျှင်​ပိုမှန်​မည်​။

​ချစ်​ရသူကို မြတ်​နိုးစွာ ကြည့်​နေရင်း မင်းသစ္စာ၏အကြည့်​
များသည်​ကြမ်းပြင်​တွင်​ကျကွဲသွား​သော ပန်းကန်​ပြားစ
​လေးများ​ဆီသို့​ရောက်​ရှိသွားသည်​။

"​နေ...​နေဦး
မလှုပ်​နဲ့​နော်​သာလွန်​"

​မင်းသစ္စာ​ပြောလဲ​ပြောရင်း သာလွန့်​ခြေဖျားအနားမှ
ပန်းကန်​ပြားအစများကို လက်​ဖြင့်​ကောက်​လိုက်​သည်​။

ကုန်​စင်​အောင်​ကောက်​ကာ ကျန်​နေသည့်​အမှုန်​လေး
များကို တံမြတ်​စည်းယူကာ လှည်းလိုက်​သည်​။

အကုန်​ပြီးစီး​အောင်​လုပ်​ပြီး​နောက်​ခုချိန်​ထိ ရပ်​နေဆဲ
ဖြစ်​သော သာလွန့်​ကို လက်​ဆွဲကာ​ဘေးနားရှိ ထိုင်​ခုံ
တွင်​ထိုင်​ခိုင်း​လိုက်​သည်​။

"ကျစ်​ခြေ​ထောက်​မှာ ရှသွားတာပဲ
န​မော်​နမဲ့နဲ့ သာလွန်​ရာ
မင်းခ​လေး​လေးလား ဟမ်​"

မိမိကို​ငေါက်​နေ​သော သူငယ်​ချင်း​ကြောင့်​သာလွန်​ပြုံးမိ
သည်​။ဒီလိုမျိုး ဆူပူသံမကြားရသည်​မှာ ကြာခဲ့ပြီ​လေ။

သာလွန်​မျက်​နာပြန်​တည်​လိုက်​ကာ

"ငါ ခ​လေးမဟုတ်​တော့တာ မင်းသိပါတယ်​သစ္စာ"

love me little,love me long(Complete)Where stories live. Discover now