အပိုင်း (၂)

4.6K 303 6
                                    

"ဒီဘက်ကသုံးယောက်ကတော့ ဆရာဝန်တွေပေါ့ ဒေါက်တာခင်နံ့သာ ‌ဒေါက်တာနေဥက္ကာမင်း ဒေါက်တာထွန်းလင်းသော် ဒီဘက်က လေးယောက်က နာ့စ်တွေ ဒါက ဝတ်မှုန်ချိုနဲ့ ပန်းဝတ်မှုန် ကျွန်တော်တို့ကတော့ ဝတ်မှုန်ဝမ်း ဝတ်မှုန်တူးဆိုပြီးခေါ်တယ် ဟိုဘက်က လင်းဝေဝေ ရှားရှားပါးပါး ယောကျ်ားလေး နာ့စ်တွေထဲက တစ်ယောက်ပေါ့ဗျာ"

"လင်းဝေဝေဆိုတဲ့ နာမည်က ရိုးမလိုလိုနဲ့ အဆန်းလေးနော်"

ပန်းနု စကားကို လင်းဝေဝေဆိုသည့် တရုတ်လေးက ဟီးခနဲ ရယ်ပြကာ ပြန်ဖြေသည်။

"တကယ်က လင်းဝေဝေဆိုတာ တရုတ်နာမည်ဗျ ဒါပေမဲ့ မြန်မာနာမည်ရွေးတာမှာ မရွေးတတ်တော့တာနဲ့ အဘိုးက တရုတ်နာမည်ရော မြန်မာနာမည်ရော အတူတူပေးလိုက်ဆိုတာကနေ လင်းဝေဝေဖြစ်သွားတာ"

မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းနှင့် အသားက ဖြူစွတ်နေသည့် တရုတ်လေးကို ပန်းနုက အသည်းယားနေဟန်တူသည်။ ထမင်းစားသည့်တစ်လျှောက်လုံး ထိုတရုတ်လေးနှင့်သာ စကားတွေ ပြောနေတော့သည်။ မေတ္တာတွေ ရေစီးကမ်းပြိုလိုက်နေတာ မိခင်စိတ်ပါ ဝင်သွားသလားမသိ။ ဝိတ်မချနဲ့နော် ခုလို ပြည့်ပြည့်ဖောင်းဖောင်းလေးကမှ ချစ်ဖို့ကောင်းတာ လို့ပြောနေတာကိုလည်း ကြားမိလိုက်သေးသည်။

ကြံခင်းထမင်းသုပ်က နာမည်ကြီးသည့်အတိုင်း အရသာရှိလှသည်။ ပဲလှော်မှုန့်မွှေးမွှေးလေးနဲ့ သုပ်ထားတာကြောင့် အဆိမ့်ဓာတ်က ပိုသည်။ ကြက်သွန်ကြော်ရွရွလေးနှင့် မြေပဲထောင်းလေးက ထမင်းသုပ်၏ အရသာကို ပိုမိုပေါ်လွင်စေသည်။ ဒီကြားထဲ ပဲပင်ပေါက်ချဥ်လေးနှင့် တွဲစားရတော့ အအီလည်းပြေသည်။ ကြံခင်းထမင်းသုပ်ဆိုလျှင် အင်ဖက်ပေါ်တင်စားရသည်က အဓိကအချက်မို့ အင်ဖက်နံ့မွှေးမွှေးလေးကလည်း ပိုလို့ပင် ထမင်းမြိန်စေသည်။

ထိုမျှ အရသာရှိလှသော ကြံခင်းထမင်းသုပ်ကို အခြားသူတွေက မြိန်‌ရေယှက်ရေ စားသုံးနေကြသော်လည်း လင်းဝဿန်ကတော့ ထမင်းက ပါးစပ်ပေါက်ကနေ ဝင်သွားသလား နှာခေါင်းပေါက်ကနေ ဝင်သွားသလား မသိရလောက်အောင် အရသာတောင် မခံနိုင်ပါ။ မိမိအား အရသာအာရုံ ပျက်စီးအောင်လုပ်ထားသည့် တရားခံကတော့ မျက်နှာချင်းဆိုင်တွင် ခေါင်းမဖော်တမ်း အပြီဆွဲနေလေ၏။

Golden HourWhere stories live. Discover now