အပိုင်း (၂၂)

3.3K 239 33
                                        

ကလောမှာ သုံးရက်မျှ လည်ပတ်ပြီးသည့်နောက် ရန်ကုန်မပြန်ခင် နောက်ဆုံးရက်တွင် သူတို့ Camping siteကို သွားခဲ့ကြသည်။

ကလောမြို့အထွက်မှာ ရှိသည့် Nature in Kalaw Camping siteက ဆိုရှယ်မီဒီယာမှာ အတော်လေး နာမည်ကြီးလှသည့်အပြင် reviewလည်း ကောင်းလှသည်မို့ များပြားလှသည့် ရွေးချယ်စရာများအနက်မှ ဒီနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Campingအတွက် လိုအပ်သည့်ပစ္စည်းများကို ယူလာပြီးသည့်နောက်တွင်တော့ သူတို့ နေရာချဖို့ ပြင်ဆင်ကြပြီဖြစ်သည်။

"ငါတို့ မိန်းကလေးတွေက နေ့လယ်စာအတွက် ပြင်နှင့်မယ် နင်တို့ ယောကျ်ားလေးတွေက အိပ်ဖို့နေရာပြင်"

ပထမဆုံးအကြိမ် Camping လုပ်ဖူးတာဖြစ်သည်မို့ Instructionရေးထားသည့် စာရွက်ကို သေချာကြည့်ပြီး လိုက်လုပ်တာကိုတောင် Tent ထိုးသည့်နေရာမှာ သူတို့လေးယောက် တိုင်ပတ်ပြီး ချွေးဒီးဒီးကျသွားသည်။

သူတို့ ပြင်ဆင်ပြီးသည့်နောက်တွင်တော့ မိန်းကလေးတွေ ပြင်ဆင်ပေးထားသည့် နေ့လယ်စာကို တူတူစားကြသည်။ အသားတွေ ဟင်းရွက်တွေကို Camping siteမှာ ဝယ်လို့ရသည့်အပြင် အခြားအစားအစာတွေကိုလည်း မှာယူလို့ရသည့်မို့ ပင်လယ်စာထမင်းကြော်နှစ်ပွဲကို မှာယူပြီး သုံးထပ်သားနှင့် ဝက်ဂုတ်သားတို့ကို ကင်ကာ ထမင်းတစ်နပ်ပြီးခဲ့ကြသည်။

Camping siteက တိတ်တိတ်ဆိတ်ဆိတ်ရှိလှသည့်အပြင် ရံဖန်ရံခါ ငှက်ကလေးများ၏ အသံကိုလည်း ကြားရတာမို့ သဘာဝအရသာကိုတော့ အပြည့်အဝရသည်။ ဆယ်နာရီဝန်းကျင်မှာ သူတို့ Camping siteကို စရောက်တာဖြစ်ပေမဲ့ ရောက်ရောက်ချင်း ဟိုဟာပြင် ဒီဟာပြင်နှင့် နေ့လယ်စာကို တစ်နာရီခွဲလောက်မှ စားခဲ့ရသည့်အပြင် ထမင်းစားပြီးတော့လည်း သိမ်းရဆည်းရသည့် အလုပ်ကြောင့် လေးနာရီကျော်ကာမှ ကောင်းကောင်းနားရတော့သည်။

"အမလေး ငါတော့ တရေးအိပ်ဦးမယ် ပင်ပန်းလိုက်တာ"

"မပင်ပန်းနဲ့ နိုးရင် ရေမိုးချိုးပြီး ညနေစာပြင်ရဦးမယ်"

သူ့စကားကို ဆုသံစဥ်က အမလေး တော်ပါတော့ မကြားချင်ဘူးဆိုကာ နားပိတ်ပြီး Tentထဲကို ဝင်လို့သွားသည်။ မေသူမောင်ကတော့ တစ်ခါဆိုမှတ်သွားပြီ နောက်တစ်ခါမလာတော့ပါဟုဆို၏။ တကယ်တမ်းလည်း Campingဆိုတာက သူများက အစအဆုံး လိုက်လုပ်ပေးရင်သာ ဇိမ်ရှိတယ်ထင်ရတာ ကိုယ့်ဟာကိုယ်လုပ်ရင်တော့ဖြင့် ယားလို့ပင် မကုတ်အားပါပေ။ သူကတော့ ဆိုရှယ်မီဒီယာမှာ တွေ့သမျှကို မယုံမိဖို့ သင်ခန်းစာတစ်ခု ရသွားသည်။ တင်ထားတဲ့ ပုံတွေကြည့်ရင်သာ healingဖြစ်တယ် ထင်ရတာ တကယ့်တကယ်ကျ လိပ်ပတ်မလည်ဘူးဖြစ်နေတာ မိမိတို့အုပ်စုက လက်တွေ့ပဲ မဟုတ်လား။

Golden HourWhere stories live. Discover now