အပိုင်း (၂၀) - Zawgyi

692 16 0
                                        

"Cheers!"

ခွက်ချင်းထိခတ်မှုကြောင့် ချလွင်ခနဲ မြည်သွားသော အသံများနောက်တွင် ရယ်မောသံအချို့တို့က ကပ်လိုက်လို့လာကြသည်။

"ဟား... အသက်တွေကလည်း တဖြည်းဖြည်းကြီးလာလိုက်တာများကွာ ငါးဆယ်တစ်ဝက်တောင် ဖြစ်သွားပြီ"

"ဘာလဲ ငါးဆယ်တစ်ဝက်"

"နှစ်ဆယ့်ငါးလေကွာ ငါးဆယ်တစ်ဝက်"

"ရိုးရိုးပြောပါကွာ မင်း အဲ့လိုပြောတော့ တကယ်ကြီး အသက်ကြီးသွားသလို ခံစားနေရပြီ"

"အဲ့ဒါပြောတာလေ ငါတို့စတွေ့ခဲ့ကြတာ မနေ့တနေ့ကလိုပဲ ခုတော့ ရှစ်နှစ်တောင် ကျော်သွားပြီ"

"ပြန်စဉ်းစားကြည့်ရင် လွမ်းစရာကြီးနော်"

"ငယ်ဘဝကတော့ ဒီလိုပါပဲ ဆယ်ကျော်သက်တုန်းက အချိန်တွေနဲ့ ခုနဲ့ လုံးဝ မတူတော့ဘူး ငါ လူကြီး မြန်မြန် မဖြစ်ချင်တာ အဲ့ဒါတွေကြောင့်လည်း ပါတယ် အဲ့အချိန်တုန်းက ရှိခဲ့ဖူးတဲ့ လွတ်လပ်မှုနဲ့ ခုအချိန်မှာ ရှိတဲ့ လွတ်လပ်မှုက တခြားစီပဲ"

"အခုအချိန်မှာက လွတ်လပ်မှုဆိုတာအပြင် တာဝန်ယူမှုပါ ကပ်ပါလာတာလေ တစ်နေ့တခြား အသက်ကြီးလာတဲ့အမျှ responsibilitiesတွေလည်း ပိုပိုများလာတယ် ငယ်ငယ်ကနဲ့တော့ ဘယ်တူတော့မလဲ"

"ကဲ ပျော်ဖို့ဆိုပြီး သူငယ်ချင်းတွေ စားပွဲသောက်ပွဲ စီစဉ်တာကို ဘဝအကြောင်းတွေပဲ ထိုင်ပြောကြတော့မလို့လား"

"အေးလေ ပျင်းစရာကြီး ပျော်စရာအကြောင်းလေးတွေပဲ ပြောကြပါဆို"

"အဲ့ဒါဆို ငါတို့ ခရီးသွားဖို့ကိစ္စ ပြောမယ်လေ အဲ့ဒါထက် ပိုပျော်ဖို့ကောင်းတာ ရှိဦးမလား အဟီး"

"ဟယ် ဟုတ်တယ် ဟုတ်တယ် ငါတို့ ဘယ်သွားကြမလဲဟင်"

"နှစ်မျိုးပဲ ရှိတယ် ကမ်းခြေသွားပြီး ရေကူးမလား တောင်တက်ပြီး သဘာဝအလှအပကို ခံစားမလား"

"ဘာလို့ food tripကိုရော ထည့်မတွက်ရတာလဲဟင် မန္တလေးသွားပြီး အစားပတ်စားကြမယ်လေ"

"နင် ခရီးသွားရတဲ့ ရည်ရွယ်ချက်က မုန့်စားဖို့လား"

"မုန့်မစားဘူးဆိုရင် ဘာလို့ ခရီးသွားနေ‌တော့မှာလဲ"

Golden HourDonde viven las historias. Descúbrelo ahora