Marketplaceထဲမှ အဲကွန်းလေက အေးစိမ့်စိမ့်။ Weekend ဖြစ်သည့်အတွက် လူကတော့ အနည်းငယ် ရှုပ်ချင်သည်။ ခေါက်ဆွဲခြောက်ထုပ်တွေ ထားသည့်အတန်းမှ ခေါက်ဆွဲခြောက်ထုပ်များကို ရွေးနေစဥ် သူနှင့်အတူပါလာသည့်သူများက အနားကိုရောက်လာလေသည်။
"ဟဲ့ Shin Ramyeon ယူမှာနော် လေးထုပ်လောက်ဝယ်"
"သုံးထုပ်ပဲ ဝယ်ပါဟ တခြားဟာတွေလည် စားဦးမှာကို"
"အဲ့လိုလုပ်ရမလား အာ့ဆိုလည်း သုံးထုပ်ပဲ ယူဟာ"
"Sausage ဝယ်ပြီးပြီလား"
"ပြီးပြီ အသားလည်း ဝယ်ပြီးပြီ အပ်မှိုနဲ့ အရွက်တွေလည်း ဝယ်ပြီးပြီ"
"ဟိုနှစ်ကောင်ရော"
"ဆိုဂျူ သွားဝယ်နေတယ်"
အရက်၊ ဘီယာရောင်းသည့်အတန်းမှာတော့ အယ်လ်ကိုဟောဂျိုးနှစ်ယောက်ဖြစ်သည့် မင်းသန့်ကောင်းနှင့် ကြည်လဲ့ဇွန်က ခေါင်းချင်းဆိုင်ပြီးကို အရက်ရွေးနေကြသည်။
"ဟဲ့ အရသာပါတာတွေ ယူမနေနဲ့ ဘီယာနဲ့ရောသောက်မယ်ဆိုရင် originalကမှ အဆင်ပြေတာ"
"ငါတို့ ဆိုဂျူနဲ့ တွဲသောက်ဖို့ Yogurt drinkလည်း ဝယ်ရမယ်နော် Tonic waterရောပဲ"
"Tonic waterမရှိဘူး ခုနက ငါကြည့်လိုက်တာ Sodaပဲ ဝယ်သွားကြတာပေါ့"
ဒီနေ့က သူတို့သူငယ်ချင်းအုပ်စု Pajama Partyလုပ်ကြဖို့ စီစဥ်ထားသည့်နေ့ဖြစ်သည်။ ကိုရီးယား အသားကင်နှင့် ဘူဒယ်ဂျီဂဲဟုခေါ်သည့် Army Stewလုပ်စားကြမှာ ဖြစ်၍ လိုအပ်သည့် ပါဝင်ပစ္စည်းများကို ကြည့်လဲ့ဇွန် အိမ်နှင့် နီးသည့် Marketplaceတွင် လာဝယ်ကြတာဖြစ်သည်။
တကယ်တော့ ကြည်လဲ့ဇွန်အိမ်ဆိုတာထက် သူ့အစ်ကိုဝမ်းကွဲအိမ်ဆိုလျှင် ပိုမှန်လိမ့်မည်။ ကိုသဲသဲက အိမ်ခွဲနေသည်မို့ မြို့ထဲတွင် သူ့အပိုင် တိုက်ခန်းတစ်ခုရှိသည်။ သူတို့က Staycationချင်သော်လည်း ဟိုတယ်မှာဆို ကိုယ် စားချင်တာ ချက်စားလို့မရ။ ဒါကို ကိုသဲသဲက သိသွားတော့ သူ့အိမ်မှာ ပါတီလုပ်ဖို့ ခွင့်ပြုလေသည်။
"ဟဲ့ Gochujang မေ့တော့မလို့ ကံကောင်းတယ် သွားယူလိုက်ဦးမယ်"
"ငါတို့ မနက်ကျ အမူးပြေဟင်းရည် ချက်သောက်ဖို့ လိုမယ်ထင်တယ် တုန်ယမ်းအခဲတွေ ဘာတွေ ဝယ်ရဦးမလား"
ANDA SEDANG MEMBACA
Golden Hour
CintaGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
