ဒေါက် ဒေါက်။
တံခါးခေါက်သံကြောင့် ခေါင်းမော့ကြည့်လိုက်တော့ မှန်တံခါး အပြင်ဘက်မှာ လက်ထောက်ဖြစ်သူက ရပ်လို့နေသည်။ သူ ခေါင်းငြိမ့်ပြလိုက်တော့ လက်ထဲက ပစ္စည်းတစ်ခုနှင့် ဖိုင်တစ်ခုကို ကိုင်ကာ အခန်းထဲသို့ ဝင်လာလေသည်။
"TL ဒါက စက်ရုံဘက်က ပို့ပေးတဲ့ ပစ္စည်းအစီရင်ခံစာပါ ဒါက Design Teamဆီက TL တောင်းထားတဲ့ product အသစ်ရဲ့ 3D modelပါ USBထဲမှာ sketchက အစ အကုန်ပါတယ်လို့ ပြောပါတယ်"
"ဟုတ်ပြီ ကိုဘုန်း ခဏစောင့်နော်"
လက်ထောက်ဖြစ်သူ ပေးလာတဲ့ အစီရင်ခံစာကို ဘေးချကာ USBကို ကွန်ပြူတာထဲသို့ ထိုးထည့်လိုက်တော့ ကျလာတဲ့ ဖိုင်တွေက အစီအရီ။
အလုပ်ဝင်တဲ့ တစ်လခွဲ နှစ်လအတွင်းမှာ ဘယ်သူက ဘယ်လိုဖွလိုက်သလဲ မသိ။ အသစ်ရောက်လာတဲ့ PM teamက TLက အလုပ်ကို အတိအကျ အသေအချာ လုပ်မှ ကြိုက်တာဆိုတဲ့ ကောလဟာလက ပျံ့လို့နေသည်။ အလုပ်စဝင်တဲ့နေ့က team memberတွေကို မခင်သာဦးပြောသွားသည့် စကားတစ်ခွန်းကလည်း အတော် တာသွားသည်။ အရည်အချင်းရှိလွန်းလို့ ဘော့စ်ကိုယ်တိုင်က ကျောင်းတက်နေကထဲက scoutလုပ်ထားတာ ဆိုသည့် စကားကပါ အဆစ်ပါလာသည်။ လင်းကတော့ သူ့ကို လွှတ်အထင်ကြီးပြီး ရှိန်နေကြတဲ့ ဝန်ထမ်းတွေ သူဌေးဆီက ပိုးစိုးပက်စက် အဆူခံရတဲ့ သူ့ပုံကို တွေ့ပြီး စိတ်ပျက်သွားကြမယ့် နေ့ကို လက်ချိုးရေတွက်ပြီး စောင့်နေဖို့သာ ရှိတော့သည်။
ခုလည်း ကြည့်။ အသစ်ထုတ်မည့် ရေမွှေး၏ ဒီဇိုင်းပုံကို စပ်စုချင်ရုံသက်သက်နှင့် တောင်းကြည့်တာကို ဘာတွေ စစ်ဆေးမည်များ ထင်သွားသလဲ မသိ။ ပုံကြမ်းတွေပါ ထည့်ပေးလို့လာသည်။
"ရပြီ ကိုဘုန်း ဒါ ပြန်ပေးလိုက်တော့ ကျွန်တော်တို့ ညနေ Promotion teamနဲ့ အစည်းအဝေးရှိတယ်နော် မြတ်သော်ကို မပြန်နဲ့ဦးလို့"
"ဟုတ် TL ပြီးတော့ APEX Cultureနဲ့ meetingကို ဘယ်အပတ်လောက် ချိန်းလိုက်ရမလဲ နေ့လည်က သူတို့ဘက်က ဆက်သွယ်လာတာက ဒီရက်ပိုင်းတော့ fashion weekရှိနေလို့ အဆင်မပြေလို့ပါတဲ့"
ကိုဘုန်းစကားကို ကြားပြီး သူ စားပွဲပေါ်က ပြက္ခဒိန်ကို တစ်ချက် ကြည့်လိုက်သည်။ အရေးကြီးနေ့များကို ရေးမှတ်လေ့ရှိသော သူ့ပြက္ခဒိန်တွင် ဒီလ၏ တတိယအပတ်မှာ ဘောပင်မှင်ရာ မရှိပဲ ရှင်းလင်းနေခြင်းက အလုပ်ကိစ္စမရှိဟူသည့် အဓိပ္ပာယ်ကို ပြသနေသည်။
![](https://img.wattpad.com/cover/329478285-288-k458449.jpg)
YOU ARE READING
Golden Hour
RomanceGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...