Hello မိနစံ 👋🏻
မင်္ဂလာပါရှင့် နိုအယ်ပါ 🤎နိုအယ့်ရဲ့ ပထမဆုံး own creation ficလေးဖြစ်တဲ့ Golden Hourကနေ ကြိုဆိုပါတယ် 👏🏻
အရင်ဆုံး ဒီficလေးနဲ့ ပတ်သတ်ပြီး ပြောချင်တဲ့အချက်လေးတွေ အနည်းငယ်ရှိပါတယ်~
ပထမတစ်ချက်က - ဒီficလေးသည် နိုအယ့်ရဲ့ စိတ်ကူးသက်သက်သာဖြစ်တဲ့ အကြောင်းပါ အပြင်လောကနဲ့ အပ်စပ်ဆက်နွယ်မှု မရှိပါရှင့်
ဒုတိယတစ်ချက်က - ဒီficထဲမှာ ပါဝင်တဲ့ အချို့သော အကြောင်းအရာလေးတွေက လက်တွေ့ဘဝနဲ့ ကွဲပြားခြားနားနေတာမျိုးလေးတွေ ရှိကောင်းရှိနိုင်ပါတယ်ရှင့် နိုအယ် အတတ်နိုင်ဆုံးတော့ ကွာခြားချက် မကြီးမားဖို့ မျှော်လင့်ပေမဲ့ လွဲချော်မှု တစ်စုံတစ်ရာ ရှိခဲ့သော် စာဖတ်သူတွေကပဲ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်ရှင်
တတိယတစ်ချက်က - ဒီficက နိုအယ့်ရဲ့ ပထမဆုံးသော ficဖြစ်တဲ့အတွက်ကြောင့် ချို့တဲ့မှုတွေ လိုအပ်ချက်တွေ ရှိမှာ မလွဲဧကန်ပါပဲရှင် ဒါပေမဲ့လည်း ဒီလို မပြည့်စုံမှုလေးတွေကို နားလည်လက်ခံပေးပြီး ဇာတ်ကောင်လေးတွေကို ချစ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင့်
စတုတ္ထတစ်ချက်က - ဒီficလေးကို နိုအယ် လောလောဆယ်တော့ စာဖတ်သူတွေ အဆက်အစပ်ရှိပြီး ဇာတ်လမ်းကို နားလည်အောင် သုံးပိုင်း အရင် တင်ပေးထားပါတယ်ရှင် updateက အပတ်စဉ် weekendတိုင်းရှိပါမယ်ရှင် စနေ or တနင်္ဂနွေ တစ်ရက်ရက်ပေါ့နော် တစ်ပတ်ကို အများဆုံး နှစ်ပိုင်း အနည်းဆုံး တစ်ပိုင်း updateမှန်အောင်တော့ ကြိုးစားပါ့မယ်ရှင်
ကဲ ပြောစရာလေးတွေတော့ ကုန်ပါပြီနော် ဒါဆိုရင် Have a lovely time enjoying the Golden Hourပါရှင် 😽🌅
VOCÊ ESTÁ LENDO
Golden Hour
RomanceGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...