အပိုင်း (၁၆)

2.2K 203 14
                                    

"ကိုနေ့အစ်ကို မင်္ဂလာဆောင်?"

ဘာဖြစ်လို့များ ခုရက်ပိုင်း သူ့ပတ်ဝန်းကျင်မှာ မင်္ဂလာဆောင်တွေ စေ့စပ်ပွဲတွေ ဒီလောက်များနေရသလဲမသိ။ Valentine dateပြီးအပြန် မီးပွိုင့်မိနေစဉ် ကားဒတ်ရှ်ဘုတ်ထဲက မင်္ဂလာဆောင်ဖိတ်စာကို ထုတ်ပေးသည့် နေဥက္ကာမင်းက ဆက်ပြောလို့လာသည်။

"အင်း လင်း အားမှ လာပါ ကိုယ်က ဒီတိုင်း ဖိတ်စာလည်း ပိုနေတာနဲ့ ကိုယ့်အစ်ကိုက ကိုယ့်သူငယ်ချင်း သုံးလေးယောက်လောက်ကိုလည်း ဖိတ်ခိုင်းလို့လေ"

ခေါင်းငြိမ့်ပြလိုက်ပြီး နံ့သာရောင်ဖိတ်စာလေးကို သူ ငုံ့နမ်းကြည့်တော့ နေဥက္ကာမင်းက ရယ်လေသည်။

"ကလေးကျနေတာပဲကွာ"

"ကျွန်တော်က ငယ်ငယ်ထဲက အဲ့လိုဖိတ်စာက ရေမွှေးနံ့ကို အရမ်းသဘောကျတာ"

ဒေါက်တာနေဓနမင်းနှင့် ဒေါက်တာသက်လျာဝင့်တို့၏ ထိမ်းမြားမင်္ဂလာဖိတ်ကြားလွှာ။ နေဥက္ကာမင်းရဲ့ အစ်ကိုနာမည်က နေဓနမင်းပေါ့။

"ဆရာဝန်တွေက သူတို့လို ဆရာဝန်အချင်းချင်းပဲ ပြန်ယူကြတာထင်တယ်နော်"

"မဟုတ်ပါဘူး ကိုယ့်ကိုပဲကြည့်လေ"

မလွတ်မကင်း ပြောလာသည့် စကားတစ်ချို့ကို မကြားချင်ယောင်ဆောင်လိုက်ပြီး ဘာမှ မပြောတော့ တစ်ဖက်လူက ရယ်လို့လာသည်။

"တကယ်တော့ ကိုယ့်အစ်ကိုနဲ့ သူ့ဇနီးလောင်းနဲ့က ဆေးကျောင်းတက်ကထဲက ကြိုက်လာတာလေ ကိုယ့်အဖေနဲ့ အမေလည်း အဲ့လိုပဲ သဲသဲနဲ့ ထွန်းလင်းသော်ကတော့ ဆေးကျောင်း မတက်ခင်ထဲက ကြိုက်နေကြတာဆိုတော့ ထားလိုက်တော့ အာ နေဦး နေဦး ဒီသီချင်း နားထောင်ရမယ်"

စကားပြောနေ၍ တမင် အသံတိုးထားသည့် ကားရေဒီယိုကို အသံပြန်ကျယ်လိုက်တော့ ခင်မောင်တိုး၏ ချစ်သူသိစေ သီချင်းသံက ကားထဲမှာ ခပ်ငြိမ့်ငြိမ့်လေး ပျံ့လွင့်လို့လာသည်။

ပန်းပွင့်ရှိမှ ရနံ့ရတာ မဟုတ်ဘူး

ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်

နမ်းခွင့်တစ်ရှိုက် ရခိုက်မှာ

ထာဝရအမြဲတည်

Golden HourTempat cerita menjadi hidup. Temukan sekarang