ဇူလိုင်လ၏အပူချိန်သည် မုတ်သုံလေ တိုက်ခတ်မှုကြောင့် သိသိသာသာ ကျဆင်းနေသည်။ ဇွန် ဇူလိုင်မှာ ရွာတဲ့ မိုးဖွဲကလေးများ မစဲသလို ဆိုသော သီချင်းထဲကအတိုင်းပင် ရွာလိုက်သည့်မိုးက မတိတ်တော့။ နေရောင်လေး လက်မည်ကြံလိုက် မိုးသားများက ဖုံးသွားလိုက်နှင့် နေ့ခင်းကြောင်တောင်ကြီးကိုတောင် အိမ်ထဲမှာ မီးချောင်းဖွင့်ထားရသည်အထိ မှောင်မဲလို့နေသည်။
သို့သော် လင်းဝဿန်ကတော့ ဒီလိုရာသီဥတုမျိုးကို အကြိုက်ဆုံးဖြစ်သည်။ မိုးတွေမှောင်နေချိန်မှာ အခန်းထဲက ပြတင်းပေါက်ကို ဖွင့်ပြီး ကော်ဖီတစ်ခွက်၊ ကဗျာစာအုပ်တစ်အုပ်နှင့် ထိုင်လွမ်းရရင်တော့လား။ တွေးနေတာထက် ပြေးလုပ်တာက ပိုမြန်သည်မို့ အိမ်အောက်ထပ် ဆင်းကာ ကော်ဖီတစ်ခွက် ပြေးဖျော်လိုက်သည်။
"တင်တင်ရေ ခြံထဲက အဝတ်တွေ ရုတ်ပါဦး မိုးဖွဲက ကျလာပြီ ကိုလင်းရေ ကိုလင်း မေမေ့ကို ဒီပန်းအိုး လာရွှေ့ပေးစမ်း မိုးတွေက မည်းတက်လာတာ သည်းမယ့်ပုံပဲ ငါ့ဒီပန်းအိုးက မိုးခံလို့မဖြစ်ဘူး ကိုလင်းရေ ခေါ်နေတာကို နားကြပ်တပ်ထားပြန်ပြီလား"
"လာပြီ လာပြီ ဘယ်ပန်းအိုးလဲ"
ခြံထဲမှာ အလုပ်ရှုပ်နေသော မေမေ့ကို ပန်းအိုးရွှေ့ပေးပြီး သူ အပေါ်ထပ်အခန်းသို့ ကော်ဖီခွက်ကိုင်ကာ ပြန်တက်လာလိုက်သည်။ စိတ်ကူးထဲကအတိုင်း ပြတင်းပေါက်နားက စာကြည့်စားပွဲတွင် ထိုင်ကာ ကဗျာစာအုပ် မဟုတ်သော ဖုန်းကိုဖွင့်၍ Facebookထဲသို့ ဝင်လိုက်သည်။
Notificationနေရာတွင်တော့ အနီရောင်နံပါတ်ဖြင့် 9+ဆိုပြီးပြနေသည်။ ဒီနိုတီတွေ အကုန်လုံးက သူ့ကို မွေးနေ့ဆုတောင်းပေးထားသော ပို့စ်များ၊ ကွန်မန့်များဖြင့် ပြည့်နေတာဖြစ်သည်။ အားလုံးကို reply လုပ်ပြီးနောက်တွင်တော့ သူ story ထဲကို ဝင်ကြည့်လိုက်သည်။ custom လုပ်ပြီးတင်ထားတဲ့ storyလေး တစ်ခုက ခုထိ ဝင်ကြည့်သည့်သူ မရှိသေးပါ။ သူ သက်ပြင်းချလိုက်ပြီး ဘယ်နှခေါက်လောက် ဝင်ကြည့်ပြီးပြီမှန်းမသိတဲ့ profileလေးတစ်ခုထဲကို ထပ်ပြီး ဝင်ကြည့်မိသည်။
ВЫ ЧИТАЕТЕ
Golden Hour
Любовные романыGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
