Letter of Thanks 🌸

1.3K 97 17
                                        

[Unicode]

နောက်ဆုံးတော့ 11/11 မှာ စခဲ့တဲ့ Golden Hourရဲ့ ခရီးစဉ်လေး ပြီးဆုံးခဲ့ပါပြီ 🌻

On goingလိုက်ခဲ့တဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးတင်သလို Completeဖြစ်မှဖတ်တဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်

နိုအယ် Golden Hourကို ၂၀၂၂ နှစ်လယ်ပိုင်းမှာ စရေးခဲ့တာပါ ဒါပေမဲ့ ဘယ်တော့မှ ficတစ်ပုဒ်ကို ပြီးအောင် မရေးတတ်တဲ့အကျင့်ကြောင့် တစ်နှစ်ကြာတဲ့အထိ မပြီးပဲ တန်းလန်းကြီး ဖြစ်နေခဲ့တာပေါ့လေ အဲ့ဒါနဲ့ပဲ မဖြစ်သေးဘူး ငါ ပြီးအောင်ရေးဖို့ motiရှာရမယ်ဆိုပြီး ရုတ်တရက်ကြီး ကောက်ပြီး publishလုပ်လိုက်တာပါပဲ အစကတော့ အကုန်ပြီးမှ တင်ဖို့ စိတ်ကူးထားတာပါ

စစချင်း ချခဲ့တဲ့ plotနဲ့လည်း ကွဲပြားသွားတာတွေ အများကြီးပါပဲ ရေးနေရင်းနဲ့ ပြင်ရတာတွေပေါ့

Golden Hourကို အမှန်အတိုင်း ပြောရရင် အားမရပါဘူး ကိုယ်ရေးချင်တဲ့ ခံစားချက်တွေကို ကောင်းကောင်း မဖော်ပြနိုင်ဘူး နောက်ပြီး ဟာကွက်တွေ အများကြီးရှိတယ်လို့ ခံစားရလို့ပါ ဇာတ်သိမ်းခါနီးလာလေ ငါရေးတာကြီးက ချာတူးလန်နေတာပါလားဆိုတဲ့ ခံစားချက်ကြီး ရလေပဲပေါ့နော်

ကိုယ့်ကိုယ်ကို စာရေးတတ်လှပြီလို့ အထင်ကြီးထားပေမဲ့ တကယ့်တကယ် ချရေးတဲ့အခါမှာ ငါ့မှာ လိုအပ်ချက်တွေ တစ်ပုံတစ်ခေါင်းကြီးပါလားဆိုတာ သိသွားရတာပါပဲ နောက်အပုဒ်တွေမှာတော့ ဟာကွက်မရှိအောင် တတ်နိုင်သမျှ ကြိုးစားပါ့မယ်

နောက်အပုဒ်ဆိုတော့ ဘယ်သူတွေလဲ သိချင်ကြမှာပဲနော် 😹

နိုအယ်က ကိုယ်ရေးတဲ့စာတွေက same universe ဖြစ်နေတာမျိုးကို ကြိုက်ပါတယ် တစ်ခုနဲ့တစ်ခု အချိတ်အစပ် မိနေတာမျိုးလေးတွေပေါ့နော် ဒါကြောင့်လည်း Golden Hourမှာ နိုအယ် ကြိုပြီး foreshadowing လုပ်ခဲ့တာလေးတွေ ရှိပါတယ် ရိပ်မိတဲ့လူတွေလည်း ရိပ်မိနေလောက်ကြပါပြီ ဟုတ်ပါတယ် ထွန်းလင်းသော်နဲ့ သဲသော်ဇင်နိုင်တို့ပါ

သူတို့နှစ်ယောက်ကတော့ ငယ်ငယ်က စတိတ်ကျောင်းသားဘဝကို ပြန်သတိရစေမဲ့ ဇာတ်လမ်းမျိုးလေးဖြစ်မှာပါ story backgroundကတော့ based in 2010's ပေါ့နော် နိုအယ်တို့လို ၂၅ဝန်းကျင် စာဖတ်သူတွေအတွက်တော့ nostalgic ဖြစ်စေမဲ့ ဝတ္ထုတစ်ပုဒ်ဆိုတာ အာမခံပါတယ် publishဖို့ကိုတော့ တစ်လတန်သည် နှစ်လတန်သည် စောင့်ပေးပါဦးနော်

Golden HourWhere stories live. Discover now