"ဒါဆို ဆေးကျောင်းKingက ဒီ သူရိန်ဇွဲထက်ဆိုတဲ့ တစ်ယောက်ပေါ့"
"ဟုတ်တယ်"
"ဒါဆို စေ့စပ်တာလဲ သူပဲပေါ့"
"အဲ့ဒါတော့ ငါ မသိဘူးလေ ဒါပေမဲ့ ဆေးကျောင်းKingက စေ့စပ်ပွဲဖိတ်စာဝေတယ်ဆိုရင်တော့ သေချာတယ် သူရိန်ဇွဲထက်ပဲ"
မင်းပြည့်နှင့် ကြည်လဲ့၏ စကားဝိုင်းကို နားထောင်ရင်းနှင့် ဟိုတစ်လောက သူတို့ဆိုင်မှာ ပိုးထည်တွေ လာရွေးသွားသည့် သူရိန်ဇွဲထက်ကို သတိရမိသွားသည်။ ထိုစဉ်က အနှင်းပြောသည့် လက်ထပ်ပွဲကိစ္စနှင့် ဆက်စပ်ကြည့်မိတော့မှ သူ ဇာတ်ရည်လည်သလို ရှိလာသည်။
"နေစမ်းပါဦး မင်းက ဘာလို့ နေဥက္ကာမင်းက ဆေးကျောင်းKingပဲဆိုပြီး ထင်နေရတာလဲ"
"သူတို့ပြောတာလေ"
"ဟယ် ငါတို့ကဖြင့် နေဥက္ကာမင်းကို လက်ပံတန်းခရီးစဉ်သွားမှ သိတဲ့ဟာကို ဘာသူတို့ပြောတာလဲ ကိုသဲသဲသူငယ်ချင်းတွေမှန်းတောင် ခရီးက ပြန်လာမှ သိတာ အရင်ကလည်း မျက်မှန်းတန်းမိရုံလောက် ရှိတာကို"
"မဟုတ်ဘူးလေ အဲ့ဖရက်ရှာဝဲလ်ကမ်းတုန်းက ဆေးကျောင်းKingက အင်္ကျီအပြာနဲ့ ဆံပင်လှန်တင်ထားတဲ့တစ်ယောက်ဆိုပြီး"
"ဒီမှာလေ အင်္ကျီအပြာနဲ့ ဆံပင်လှန်တင်ထားတာ သူရိန်ဇွဲထက်လေ"
အင်္ကျီအပြာရင့်ရောင် လက်ရှည်ကို ခေါက်တင်ပြီး ဝတ်ထားတဲ့ သူရိန်ဇွဲထက်က နေဥက္ကာမင်းဘေးမှာ ကပ်လို့ ထိုင်နေသည်။ ဆံပင်လှန်တင်ထားတာလည်း တစ်ပုံစံထဲ။ လင်းမှာ ကိုယ့်နဖူးသာ ကိုယ်ပြန်ရိုက်မိတော့သည်။
"ဟေ့ကောင် ဟုတ်သားပဲဟ အင်္ကျီအပြာ ဝတ်ထားတာ မင်းဆရာဝန်မှ မဟုတ်တာ"
"သူလည်း အပြာရောင်ဝတ်ထားတာပါကွာ ဒီမှာ"
"အမလေး နင့်အပြာကလည်းဟယ် မနည်းဖြဲကြည့်မှ အပြာမှန်းသိတယ် ငါက အဖြူဝတ်ထားတယ် ထင်နေတာ"
အကြည့်တွေရဲ့ဆုံမှတ်က နေဥက္ကာမင်း တစ်ယောက်ထဲဆီမှာပဲ ကျရောက်သွားသည့်အခါ အင်္ကျီအပြာဝတ်ထားသည့်တစ်ယောက် ဆေးကျောင်းKingဆိုတဲ့စကားမှာ အပြာရင့်ရောင် ဝတ်ထားတဲ့ သူရိန်ဇွဲထက်အစား pastel toneလို အပြာနုရောင် ဝတ်ထားတဲ့ နေဥက္ကာမင်းကိုသာ မြင်မိသွားတာဖြစ်သည်။ မတတ်နိုင်။ သူ့မျက်လုံးထဲတော့ သူရိန်ဇွဲထက်,ထက် နေဥက္ကာမင်းက ပိုလို့တောင် ချောနေသလားလို့လေ။
VOUS LISEZ
Golden Hour
Roman d'amourGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
