ဒီနေ့က APEX Cultureနှင့် မီတင်ရှိသည့်နေ့ဖြစ်၍ Meeting roomထဲမှာ ဝန်ထမ်းတွေ ဝင်လိုက် ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ အင်တာတိန်းမန့်ကုမ္ပဏီအကြီးတစ်ခု ဖြစ်သည့်အလျောက် မိမိတို့ဘက်က အမှားအယွင်းမရှိအောင် ဆောင်ရွက်ထားမှ အရာရာ အဆင်ပြေချောမွေ့မှာ ဖြစ်သည်။ လင်း ကိုယ်တိုင်လည်း စကားအပြောအဆို လုပ်သည့်အခါ ကျန်ခဲ့သည့်စကား မရှိရလေအောင် ပြောရမည့် အကြောင်းအရင်းတွေကို ချရေးမှတ်ကာ Check လုပ်နေရသည်။
ထိုစဉ် လက်ထောက် ကိုဘုန်းမှ တံခါးခေါက်ကာ ပြန်ဖြေသည်ကိုပင် မစောင့်ပဲ ကိုယ်တစ်ဝက်က တံခါးဝမှ ပြူလို့ ထွက်လာသည်။
"TL အပြင်မှာ ဘော့စ်ရောက်လာပြီ"
"ဟင် သူက ဘာလို့ ရောက်လာတာတုန်း ဒီနေ့ စက်ရုံကို သွားရမယ်ဆို"
"ဟိုဘက်က အရေးကြီးတဲ့သူ ပါလာလို့တဲ့ TL တစ်ချက်လောက် အပြင်ထွက်ကြည့်ပါဦး Meeting roomထဲမှာ ပွစိပွစိနဲ့ မပြီးတော့ဘူး"
သူ ခေါင်းတစ်ချက်ကုတ်ကာ Meeting roomထဲသို့ ခြေလှမ်းတွေကို ဦးတည်ရသည်။ သူတို့ဘော့စ် မခင်သာဦးက လူက ထက်မြက်သလောက် ဇီဇာအလွန်ကြောင်သည်။ ဒီပုံနဲ့ ဘယ်လို ယောက်ျားရသလဲတောင် သိချင်ရသည်အထိ။ Meeting roomထဲ မရောက်ခင် အခန်းအပြင်မှာထဲက ဝန်ထမ်းတွေကို ဆူနေသံအား အတိုင်းသား ကြားနေရသည်။
"PPTကို ဒီပုံအတိုင်း ပြင်ထားလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ ရေမွှေးဘူးက အဖြူရောင်ကို နောက်ခံက အဖြူရောင်ထားစရာလားဟယ်"
"ဘော့စ်"
"အမလေး ဝဿန်ရယ် PPTတွေ လာစစ်ပါဦး"
"ကျွန်တော် အကုန်စစ်ထားပြီးသားပါ ဒီမှာ နောက်ခံက အဖြူဆိုပေမဲ့ shadowပါနေတာပဲ ထင်သာမြင်သာ ရှိပါတယ် စိတ်မပူနဲ့ အားလုံး အဆင်ပြေအောင် လုပ်ထားတယ် စက်ရုံသွားမယ်ဆိုပြီးတော့ ဒီကို ဘယ်လိုရောက်လာတာတုန်း"
"APEX Cultureက MDကိုယ်တိုင် ပါလာမှာတဲ့ အဲ့တော့ အစ်မလည်း ဒီမှာ ရှိနေရတော့မှာပေါ့ စက်ရုံက ဘယ်ချိန်သွားသွား"
"ဘယ်လိုဖြစ်ပြီး MDကိုယ်တိုင် လိုက်လာတာလဲ မသိဘူးနော်"
"တို့က ထွဋ်မြတ်ပိုင်ကို မဖြစ်မနေ ထည့်ခိုင်းထားတာကိုး ထွဋ်မြတ်ပိုင်ကိစ္စတွေဆို ကုမ္ပဏီက အရမ်း ဂရုစိုက်ပေးတယ်ဆိုတာ တကယ်ပဲ ထင်တယ် MDကိုယ်တိုင် လိုက်လာတာဆိုတော့"
VOUS LISEZ
Golden Hour
Roman d'amourGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
