အပိုင်း (၂၃)

1.3K 147 10
                                    

ဘုန်းကြီးကျောင်းဝင်းထဲ သစ်ဆန်းအောင်တစ်ယောက် တံမြက်စည်းလှဲနေရသည်။

ပုံမှန်ဆိုရင်တော့ ကျောင်းက ကိုရင်တွေနဲ့ အလှည့်ကျ သန့်ရှင်းရေးလုပ်ရတာဖြစ်ပေမဲ့ ဘဘုန်းက သူ့ကို သုံးရက်တိတိ ကျောင်းတစ်ဝင်းလုံး သန့်ရှင်းရေးလုပ်ရန် ဒဏ်ခတ်ထားသည်။

အကြောင်းအရင်းကတော့ ကိုကြီးဥက္ကာကို သူ ထန်းတောထဲ ခေါ်သွားမိတာကြောင့်ဖြစ်သည်။ ထန်းတောထဲ ခေါ်သွားရုံဆို အကြောင်းမဆိုး။ ထန်းရည်ပါ ဝင်အောင် တိုက်မိတော့ အကြောင်းဆိုးလေသည်။ ကိုကြီးဥက္ကာက သူ့ရည်းစားအကြောင်း ပြောလိုက် သောက်လိုက်နှင့် သူ သတိထားမိသည့်အချိန်တွင် ခါးကျိုးနေပြီဖြစ်သည်။ သူလည်း ထိုကျတော့မှ ပြာပြာသလဲလဲနှင့် ကုန်းပိုးကာ ကျောင်းကို အပြေးပြန်ရသည်။

ကျောင်းပြန်ရောက်တော့ ဘဘုန်းဆီက နှစ်ခါတောင်မှ ကျောပြင်ကို ဗြောတင်ခံရသည်။ မူးအောင်တိုက်လိုက်မိလို့ ကုန်းပိုးလာရတာလို့ ပြောမိတော့ တစ်ခါ၊ ဆရာအောင့်ဆီက စကားကိုကြားပြီးတော့ တစ်ခါ။

ရန်ကုန်မှာ အရက်သမားလုပ်နေလို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ခေါ်လာတာကို အရက်ထပ်တိုက်လို့တဲ့။

ဒီလိုနဲ့ပဲ ဘဘုန်းဆီက အမြင်ကတ်ပုဒ်မဖြင့် ဒဏ်ပေးခံရတော့သည်။

ဘဘုန်းကျောင်းဝင်းက အကျယ်ကြီး မဟုတ်ပေမဲ့ ဘုန်းကြီးကျောင်းထဲ မူလတန်းကျောင်းလေးရှိသည်မို့ ထိုမူလတန်းကျောင်းကိုပါ သန့်ရှင်းရေးတာဝန်ယူရသည့် သစ်ဆန်းအောင်တစ်ယောက် လုပ်လိုက်ရသည့် အလုပ်တွေဆိုတာ လျှာထွက်မတတ်။

ဘဘုန်းကိုက ငယ်ကြောက်ဆိုတော့ သိပ်မကျေနပ်ပေမဲ့ ပြန်လည်းမပြောရဲ။ ဒီတော့လည်း စူပုတ်ပုတ်နှင့်ပင် လုပ်စရာရှိသည့်အလုပ်ကိုသာ မြန်မြန်ပြီးအောင် လုပ်ရသည်။

"ဆရာအောင် ကိုကြီးဥက္ကာ နိုးပြီလားဗျ"

"မနိုးသေးဘူးကွ အေး မင်း ရောက်လာတာနဲ့ အတော်ပဲ ဖိုးသစ်ရေ သွားနှိုးပါဦး မင်းကိုကြီးကို နောက်တစ်နာရီနေရင် ကားလာခေါ်တော့မှာလို့"

Golden HourWhere stories live. Discover now