အပိုင်း (၂၅)

2.6K 198 19
                                    

[စောစောအိပ်နော် လင်း ချစ်တယ် ❤]

နှစ်နာရီကျော်ကြာ ဗီဒီယိုကော ပြောပြီးသည့်နောက် ဖုန်းထဲကို ဝင်လာတဲ့ မက်ဆေ့လေးကို ကြည့်ပြီး သူ ပြုံးနေမိသည်။

မန္တလေးက ပြန်ခဲ့တာ ရက်၂၀ကျော်ပြီဆိုတော့ သူတို့ ချစ်သူတွေဖြစ်ခဲ့တာလည်း ရက်၂၀ကျော်။ ဒီရက်၂၀အတွင်း ရည်းစားမျက်နှာကို ဖုန်းစခရင်မှ တစ်ဆင့်သာ သူ တွေ့ရသေးသည်။

သင်္ကြန်မတိုင်ခင် ချစ်သူတွေဖြစ်ခဲ့တာမလို့ သင်္ကြန်လေးရက်ထဲ တစ်ရက်ရက်တော့ တူတူလျှောက်လည်ဖို့ သူ တွေးထားခဲ့သော်လည်း သင်္ကြန်လေးရက်လုံး ဂျူတီကြောင့် မအားသည့် နေဥက္ကာမင်းကြောင့် သူ့အတွေးတွေ မအောင်မြင်ခဲ့ပါ။ ချစ်သူက လူ့အသက်တွေကို ကယ်တင်သည့် နှလုံးလှဆရာဝန်လေးဖြစ်နေတော့လည်း မတတ်နိုင်ပါ။ သူ့ဘက်က အလျှော့ပေးရုံသာပေါ့။

ချစ်သူနှင့်အတူ သင်္ကြန်ကို မဖြတ်သန်းရတော့ သူတစ်ယောက်တည်း ထူးပြီး ဒီသင်္ကြန်ကို မပျော်ချင်တော့။ ဒါ့ကြောင့် နေဥက္ကာမင်းနောက်ကို လိုက်ဖို့ ခွင့်ယူခဲ့သည့် ရက်တွေအတွက် အစားထိုးအနေဖြင့် work from homeလုပ်ဖို့ကိုသာ ‌ရွေးချယ်ခဲ့သည်။

ဒီလိုနှင့် သင်္ကြန်ရက်တွေ ကျော်လွန်သွားခဲ့သော်လည်း သူတို့နှစ်ယောက် မတွေ့နိုင်သေးပါ။ နေဥက္ကာမင်း အားသွားတော့ မအားတော့တာက သူ ဖြစ်လို့နေသည်။ သင်္ကြန်မတိုင်ခင် productအသစ်ကို launchလုပ်တဲ့ရက်မှာ သူ မရှိခဲ့တာကြောင့် သူဌေးက စိတ်ဆိုးပြီး အငြိုးနှင့် ခိုင်းနေသလားတောင် အောက်မေ့ရသည်။ ကြည့်ရတာ သင်္ကြန်တွင်းမှာ work from home လုပ်ပေးထားတာနှင့် သင်ပုန်းချေလိုက်မည့်ပုံ မပေါ်ပါ။

[ကိုနေလည်း စောစောအိပ်နော် ဂွတ်နိုက် ❤]

Reply ပြန်ပြီး နာရီကို ကြည့်လိုက်တော့ မနက် ၁နာရီ ၄၅မိနစ်။ အချိန်ကို မြင်ပြီးတော့မှ လင်းဝဿန်တို့ လန့်ဖျတ်ပြီး အိပ်ယာဝင်ဖို့ ပြင်ရသည်။ ပုံမှန် ၁၁နာရီဆို အိပ်နေကျလူက ဒီရက်ပိုင်းထဲ အိပ်ယာဝင်တာ သိသိသာသာ နောက်ကျလို့လာသည်။ အကြောင်းအရင်းကတော့ ပြေးရှာနေစရာမလိုအောင်ပင် နေဥက္ကာမင်းဖြစ်လို့နေပါ၏။

Golden HourOnde histórias criam vida. Descubra agora