"မေမေရာ အဲ့လိုတွေ မတက်ပါနဲ့ သားကို ယူခိုင်းပါလား သား ယူပေးမှာပေါ့ မေမေတို့က တကယ် ပြောစကားကို နားမထောင်ဘူး"
အထည်တွေ စီထားတဲ့ အပေါ်ဆင့်ကို ခုံနဲ့ တက်နေတဲ့ မေမေ့ကို ကြည့်ပြီး သူ့မှာ ရင်တမမနှင့်။ ဒူးနာတာ ပြန်ကောင်းမလာရခြင်း အကြောင်းအရင်းက အဲ့လို ဇိုးခနဲ ဇတ်ခနဲ ထလုပ်တတ်တာတွေကြောင့်လည်း ပါသည်။ Medical check up သွားလုပ်ပေးတုန်းက ဆရာဝန်က ဒူးနာတာ အပေါ်ဝိတ်ကို အောက်က မ,မနိုင်တော့လို့ ဖြစ်တာဆိုကာ ဝိတ်ချခိုင်းတာမို့ မေမေက Keto dietနှင့် ဝိတ်ချနေတာ လအတော်ကြာပြီဖြစ်သည်။
တကယ်လည်း မေမေက အဝလွန်နေတာမို့ သူရော ဖေဖေရော ကျန်းမာရေးအတွက် ဝိတ်ချစေချင်နေတာ ကြာပြီ။ မေမေကိုယ်တိုင်ကလည်း စိတ်ပါလက်ပါ ရှိလှ၍ ဝိတ်လည်း ဆယ်ပေါင်ကျော်လောက် ကျသွားသလို ဒူးနာတာလည်း သက်သာလာပေမဲ့ အဲ့ဒီ ဇိုးခနဲ ဇတ်ခနဲ လုပ်တတ်တဲ့ အကျင့်က မပျောက်။ အရင်နေ့ကလည်း ဝန်ထမ်းတွေ လုပ်ပေးတာ မစောင့်ပဲ ခုံနဲ့ တက်ယူတာ ပြုတ်ကျတော့မလိုဖြစ်သေးတယ်ဟု မန်နေဂျာအစ်မက သူ့ကို ပြန်တိုင်ထားသေးသည်။
"မဆွေနော် ကြပ်ကြပ်သတိထား အကောင်းကနေ အကျိုးဖြစ်မယ်"
ဖေဖေက ကြိမ်းလျှင် မေမေက ရှေ့တွင်သာ ဂရုစိုက်ချင်ယောင်ပြီး နောက်ကွယ်မှာတော့ သူ လုပ်ချင်တာ လုပ်တတ်သည်။ ဒီနေ့လည်း သူ ဆိုင်မှာ ရှိနေလို့သာ ကွိခနဲ မိတာ။
"နောက်ဆို အဲ့ခုံကို ဖွက်ထားမယ် အဲ့ဒါမှ တက်လို့မရမှာ"
"အမလေး ငါ့ဆိုင်မှာ နင် ဖွက်ထားတော့ရော ရှာမတွေ့စရာ အကြောင်းလား ဒီဆိုင်မှာ ဘယ်နေရာ ဖုန်ဘယ်နှစ်စက်ရှိတာက အစ ငါ အကုန်သိတယ်"
ကဲ။ ဒေါ်ဆွေဆွေဝင်းတို့က အဲ့လိုဗျာ။
"လင်းက စိုးရိမ်လို့ ပြောတာပါ အန်တီဆွေရယ် သမီးတောင် အန်တီဆွေ အဲ့လို ခုံနဲ့တက်ယူတာ မြင်ရင် ရင်တထိတ်ထိတ်နဲ့"
"အန်တီလည်း ဂရုစိုက်ပါတယ် သမီးရယ် ဒါပေမဲ့ လူက စိတ်မြန်လက်မြန်ရှိတော့ စိတ်က တွေးတုန်းရှိသေး လူက အဲ့ခုံပေါ် တက်ပြီးသား ဖြစ်နေပြီ"
ESTÁS LEYENDO
Golden Hour
RomanceGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
