အပိုင်း (၁၄)

3.5K 278 18
                                        

တလက်လက်ဖြစ်နေတဲ့ ကင်မရာမီးရောင်တွေကြောင့် သူ မျက်စိကျိန်းလာတာမို့ ဓာတ်ပုံရိုက်ကွင်းကို ကျောခိုင်းလိုက်ရသည်။ ဆက်ကြည့်နေလျှင် အကောင်းတိုင်းရှိနေသည့် မျက်လုံးက ကန်းသွားမလားမသိ။ ဘယ်လိုပဲဖြစ်ဖြစ် မော်ဒယ်တွေရဲ့ photo shootingကို အဓိက ကြီးကြပ်နေတာက Clientဖြစ်သည့် သူတို့CEOနှင့် တစ်ဖက်က MDဖြစ်သူဖြစ်တာကြောင့် အနားမှာ သူ ရှိမနေလည်း ဘာပြဿနာမှမရှိ။

ဓာတ်ပုံဆရာနှင့် အတူ ပါလာသည့် အဖွဲ့အနားကို သွားကြည့်တော့ သူတို့က အရှေ့က ရိုက်ကူးပြီးစီးထားသော မော်ဒယ်တွေရဲ့ photo resultတွေကို ကြည့်နေကြတာ ဖြစ်သည်။ လက်ရှိ သူတို့ကြည့်နေသည့်သူက ဒီတစ်ခေါက် product၏ main modelဖြစ်သည့် ထွဋ်မြတ်ပိုင်။

ထွဋ်မြတ်ပိုင်၏ ဓာတ်ပုံများကို ကြည့်ပြီး မော်ဒယ်တွေကို သူ မလေးစားပဲ မနေနိုင်။ ကင်မရာနောက်ကနေ ကြည့်နေရတဲ့ သူတောင် မီးရောင်တွေကြောင့် မျက်စိကျိန်းနေတာ ကင်မရာရှေ့က သူတို့သာဆို ဘယ်လောက် ပိုကျိန်းလိုက်လေမလဲ။ ဒါကိုတောင် ဘာမှမဖြစ်သလို မျက်နှာထားမျိုးနှင့် poseပေး၍ အကောင်းဆုံး resultထွက်အောင် ရိုက်ကူးနိုင်ကြသည်။

ထွဋ်မြတ်ပိုင်အပါအဝင် ဝါရင့်မော်ဒယ်တွေကတော့ အခက်အခဲမရှိပဲ ဓာတ်ပုံဆရာနှင့် အပေးအယူမျှကာ ရိုက်ကူးသွားနိုင်ခဲ့သော်လည်း ဝါနုသည့် မော်ဒယ်အသစ်ကလေးများကတော့ ထွဋ်မြတ်ပိုင်နှင့် အတူတူ ရိုက်ကူးရသည်ကြောင့် စိတ်လှုပ်ရှား၍လား သူတို့ MDကိုယ်တိုင် လာရောက် ကြီးကြပ်တာမို့ ရှိန်နေ၍လားမသိ။ ခဏခဏ အဆူခံနေရသည့် အသံများကို ကြားနေရသည်။

MD အရုဏ်ဦးက မီတင်ထိုင်တဲ့နေ့တုန်းကတော့ နူးနူးညံ့ညံ့ ငြင်ငြင်သာသာရှိသည့်ပုံ ပေါက်သော်လည်း ခုတော့ မျက်မှောင်ကြီးကို ကျုံ့ထားလိုက်တာဆိုတာ မော်ဒယ်လေးတွေ မပြောနှင့် သူတောင် အနားမကပ်ရဲ။

"ပုခုံးကို ကျုံ့မထားနဲ့လေ ရင်ဘတ်ကို ဖွင့်ထား ခေါင်းကို ငုံ့ထား Stylist team ဟိုမှာ အင်္ကျီက ရင်ထိုးက ပြုတ်နေပြီ သွားပြင်ပေးလိုက်ဦး"

၈ပေအကွာလောက်ကနေ အင်္ကျီက ရင်ထိုး ပြုတ်နေတာကို ဘယ်လိုမြင်သလဲ မသိ။ APEX Cultureဘက်က ဝန်ထမ်းတွေ ကြည့်ရတာလည်း အသက်တောင် ဝဝ မရှူရဲသလို။ သူတို့ MDရဲ့ မျက်နှာရိပ် မျက်နှာကဲကို လိုက်ကြည့်နေရတာနဲ့တင် ဆယ်နှစ်လောက် အိုစာနေကြသလိုပင်။

Golden HourWhere stories live. Discover now