"ချီးယားစ်!"
ဆန်းသစ်လှပသည့် အပြင်အဆင်များနှင့် ဖွဲ့စည်းထားသော စားသောက်ဆိုင်တစ်ခုအတွင်းတွင် ခေတ်ပေါ်အနောက်တိုင်းတေးဂီတတစ်ခုက မတိုးမကျယ်ထွက်ပေါ်နေသည်။ Tea timeချိန်ဖြစ်သည်မို့ ဆိုင်အတွင်း လူအရမ်းမများသော်လည်း ပေါ့ပေါ့ပါးပါး သရေစာစားရန် ရောက်ရှိလာကြသောသူများကတော့ ရှိဆဲပဲဖြစ်သည်။
"မဆိုးဘူးဟ မင်းပြည့်ရ မင်းဟာက ဟုတ်လှချည်လား"
သူ့ရဲ့ ချီးကျူးစကားကို ကြားပြီးနောက် အနှီ "Mi Amor" ဆိုင်ပိုင်ရှင် မင်းပြည့်စုံပိုင်က ခြေထောက်ကိုချိတ်ကာ လက်ပိုက်ပြီး ဝိုင်းရှိလူ အားလုံးအား ဟန်ပါပါနှင့် ကြည့်လေသည်။
"တော်ပါတော့ကွာ မင်း မြှောက်လေလေ ဒီကောင်က ဒီလို သောက်မြင်ကတ်စရာ ပိုလုပ်လေလေပဲ တွေ့လား မျက်နှာပေးကို"
"မြှောက်နေတာ မဟုတ်ပါဘူးကွာ ငါက တကယ်လှလို့ ပြောနေတာ သူ ပုံလှမ်းပို့တုန်းကတောင် ဒီလောက်လှမယ် ထင်မထားဘူး မင်းဘယ်ကုမ္ပဏီနဲ့ အပ်တာလဲ ပြောဦးကွာ မေမေက သူ့အထည်ဆိုင်လေးကို ပြန်ပြင်ချင်လို့ဆို ပြောနေတာ ငါ ပြန်မလာခင်ကထဲက ခုတော့ ငါလည်း ပြန်ရောက်ပြီဆိုတော့ သူ့စိတ်တိုင်းကျ လိုက်လုပ်ပေးချင်လို့"
ဆိုင်ပတ်ပတ်လည်ရှိ ဝါကျင့်ကျင့်မီးအိမ်လေးများက တစ်ဆိုင်လုံးကို မလင်းမမှောင် အခြေအနေလေးမှာ ထိန်းထားပေးသည်။ အဖြူရောင်မီးဆိုင်းသေးသေးလေးများလည်း ရှိနေသည်မို့ ဆိုင်ထဲဝင်လိုက်သည်နှင့် ငွေမှုန်တွေ ကြဲထားသည်ဟု ထင်ရလောက်အောင် ဟိုတလက်လက် ဒီတလက်လက် ဖြစ်နေသေးသည်။ နံရံပေါ်တွင် ချိတ်ထားသော ပန်းချီများ၊ interiorအဖြစ် အသုံးပြုထားသော ပန်းအိုးများနှင့် အခြား အသုံးအဆောင်များကလည်း Vintage vibeနှင့် European feelingကို အပြည့်အဝ ရစေလေသည်။
"သူတို့ Facebook page linkကို ငါ မင်းကို ပို့လိုက်မယ်လေ တော်တော် အဆင်ပြေတယ်ကွ Customer service ရှယ်ကောင်း"
"ရှယ်ကောင်းမှ ဖြစ်မှာ မေမေက နည်းနည်း ဂျီးများတယ်ကွ ဖေဖေက သူ့အသိတစ်ယောက်ရဲ့ Interior companyနဲ့ ချိတ်ပေးပြီး အကုန်အဆင်ပြေအောင် လုပ်ပေးတာတောင် သူ့စိတ်တိုင်းမကျလို့ နောက်ဆုံး မပြင်ဖြစ်ဘူးလေ ငါလာမှ လုပ်မယ်ဆိုပြီး ပြောနေတာနဲ့ ဖေဖေလည်း လွှတ်ထားပေးလိုက်တာ"
![](https://img.wattpad.com/cover/329478285-288-k458449.jpg)
ESTÁS LEYENDO
Golden Hour
RomanceGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...