ထိုနေ့က သူ စိတ်အခြေအနေ မကောင်းတာကို ရိပ်မိတဲ့ သူရိန်က အိမ်အထိ ကားနဲ့ ပြန်လိုက်ပို့သည်။ ကားပေါ်မှာလည်း တဖွဖွ နှစ်သိမ့်ပေးနေသေးသည်။
"ဘာမှ စိတ်ဓာတ်မကျပါနဲ့ကွာ ငါ့ဘက်က ခုလိုပြောရတာ မကောင်းပေမဲ့ ငါ့ကို ကြိုက်နေတာလေကွာ ငါနဲ့ ကြိုက်နေတာမှ မဟုတ်တာ မင်းဘက်ကသာ လက်မလျှော့ပဲနဲ့ သူ့ကို လိုက်ရင် သူလည်း ငါမဟုတ်ပဲ မင်းကို ကြိုက်လာလိမ့်မယ် မပူနဲ့ တကယ်တမ်း စဥ်းစားကြည့်ရင် ငါနဲ့မင်းနဲ့ဆို မင်းကို သဘောကျတဲ့သူက ပိုများတာပါကွာ မင်းက စည်းတစ်ခုခြားပြီး တည်တည်ငြိမ်ငြိမ် နေလို့သာ မင်းကို ဘာမှ လာမပြောကြတာ ငါ့ကို လာကြိုက်တဲ့သူတွေထဲမှာ တစ်ဝက်က မင်းကို အရင်ကြိုက်ပြီး လက်လျှော့ထားတဲ့ လူတွေချည်းပဲ"
"......"
သူ့ဘက်က ဘာမှ ပြန်မပြောတော့ သူရိန်က စိတ်ပူသလိုနဲ့ လှည့်ကြည့်သည်။
"ဟေ့ကောင် တခြားဟာတွေ မစဥ်းစားနဲ့ မင်း ဖွင့်မပြောရဲတဲ့ အကြောင်းအရင်းက သူ ယောကျ်ားလေးတွေကို ကြိုက်မှန်း မကြိုက်မှန်း မသိလို့မလား အခု သိသွားပြီလေ ဟုတ်တယ်မလား ဒါ မင်းအတွက် ပြဿနာကြီးတစ်ခု ဖြေရှင်းလို့ ပြီးသွားတာပဲ"
သိသိသာသာကို ထပ်ပြီး လျစ်လျူရှုခံလိုက်ရတော့ သူရိန်လည်း ဘာမှ ထပ်ပြောမလာတော့။ အပြစ်ရှိသလို ခံစားရတဲ့ မျက်ဝန်းတွေဖြင့်သာ သူ့ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေသည်။ အင်း... သူလည်းပဲ နေရခက်နေလိမ့်မည်။ အခုဖြစ်ရပ်က သူရိန်နဲ့လည်း ဘာမှမဆိုင်သလို ဘယ်သူ့ပယောဂမှလည်း မပါပါ။ သူသာ ကံဆိုးသူမောင်ရှင်ဖြစ်နေတာ ဖြစ်သည်။
သူရိန်ပြောသလို ချစ်ရသူနဲ့ သူနဲ့ ကြားမှာ ရှိနိုင်တဲ့ အကြီးမားဆုံးပြဿနာမှာ sexual orientation မတူညီမှု တစ်ခုတည်းဟု သူ တွက်ချက်ခဲ့တာဖြစ်သည်။ လက်ရှိမှာ ချစ်သူရည်းစား မရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် တခြား ဘယ်လို ဖြစ်နိုင်ချေကိုမှ ထည့်မတွက်ခဲ့။ တစ်ဖက်သတ် နှစ်သက်ရသူများ ရှိနေမလားဆိုတဲ့ အတွေးမျိုးတောင် မဝင်ခဲ့တာ တစ်ဖက်သတ် နှစ်သက်ရသူက ငါ့သူငယ်ချင်းများ ဖြစ်နေမလားဆိုတဲ့ အတွေးမျိုးကတော့ ပိုလို့တောင် ဆိုးသေးသည်။
ВЫ ЧИТАЕТЕ
Golden Hour
Любовные романыGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...
