Epilogue - Everlasting Sunset

2.8K 206 12
                                    

"ခင်ဗျားတို့ကို Deadlineပေးထားတယ်ဆိုတာ အလကား ပေးထားတာ မဟုတ်ဘူးဗျ အချိန်မှီအောင် အကြောင်းပြန်ဖို့ပေးထားတာ"

"အိစ်"

TL ရုံးခန်းထဲမှ အော်ငေါက်သံက ဟိန်းခနဲ ထွက်လာတာမို့ သင်းရနံ့ လက်ထဲက ဘောပင်တောင် လွတ်ကျလို့သွားသည်။ ဒီနေ့ ရနံ့တို့ ရုံးမှာ မုန်တိုင်းထန်နေသည်။ အတိအကျ ပြောရရင်တော့ ရနံ့တို့ Product Management teamနှင့် Design team နှစ်ခုမှာ မိုးသက်လေပြင်းကျနေတာဖြစ်သည်။ အဲ...နောက်ပြီး ဘော့စ်ရုံးခန်းရောပေါ့။

သူဌေးဖြစ်သူ စိတ်အခြေအနေမကောင်းတော့ Team Leaderနှစ်ယောက်ကလည်း မျက်နှာပျက်နေသည်။ Team Leaderနှစ်ယောက် မျက်နှာပျက်တော့ သူတို့အဖွဲ့သားတွေက အရိပ်အကဲ ကြည့်နေရသည်။

"လူအေးတွေ ဒေါသထွက်ရင် ကြောက်ဖို့ကောင်းတယ်ဆိုတာ တကယ်ပဲထင်တယ် ငါတော့ တော်တော်လန့်နေပြီ ဘုရားကယ်ပါ"

ကိုမြတ်သော်က တစ်ဖက်စားပွဲမှ လက်အုပ်လေးချီကာ ပြောသည်။ TL လက်ထောက် ကိုဘုန်းကလည်း အတည်ပြုစရာရှိသည့် စာရွက်စာတမ်းတွေကို အခုထိ ရုံးခန်းထဲ သွားမပေးရဲသေး။ အဖွဲ့ဝင်အသစ်ကလေး ခန့်ဇေနိုင်ကတော့ မျက်လုံးလေးကလယ်ကလယ်နှင့်။ သူတို့အုပ်စု ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိ ဖြစ်နေစဥ် စာရွက်စာတမ်းတွေ မိတ္တူသွားကူးသည့် အစ်မမေစန္ဒီက ပြန်လာလေသည်။ နာမည်ခံသာ မိတ္တူသွားကူးတာ တကယ်တမ်းက Design teamက အနေအထားကို သွားထောက်လှမ်းတာဖြစ်သည်။

"အစ်မ အခြေအနေ ဘယ်လိုရှိလဲဟင်"

"ဘယ်လိုရှိရမလဲ ဝုန်းဒိုင်းကြဲနေတာပေါ့ ငါတို့ဆီမှာက နှင်းမုန်တိုင်း တိုက်နေတာဆို ဟိုဘက်teamမှာက မီးတောင်ပြိုနေတာ ငါတောင် ချော်ရည်တွေ လာစင်မှာစိုးလို့ အမြန်ပြန်ပြေးခဲ့ရတယ်"

"အဲ့အမျိုးသမီးလည်းဟာ နာမည်ရှည်သလောက် တော်တော်အကြောရှည်တာပါ သူ ရစ်နေတာနဲ့ ငါတို့က ထပ်ပြီး အလုပ်ရှုပ်ရဦးမယ်"

အခုဖြစ်သည့်ကိစ္စက နာမည်ကြီး Bloggerဖြစ်သည့် ခင်သီရိရတနာနှင့် Collaborationလုပ်ရာမှ စသည်။

ရနံ့စမ်းသပ်သည့် အချိန်ကာလကို လုံလုံလောက်လောက် ပေးထားလျက်နှင့် deadlineနား ကပ်နေသည့် ရက်ကျမှ ပြန်ပြင်ခိုင်းတာ နှစ်ခါ။ သူ လိုချင်သည့် scentကို အကြိမ်ကြိမ်အခါခါ အတည်ပြုပြီးစီး၍ production စမည်ကြံကာမှ သူမ၏ teamဘက်က ဖုန်းဆက်လို့လာသည်။ Product Designကို ပြန်ပြင်ပေးပါတဲ့။ တစ်ဖက်မှာက စက်ရုံကို ဆက်သွယ်ပြီး၍ လုပ်ငန်းစနေပြီ။ သူတို့ကို ဆုံးဖြတ်အတည်ပြုခိုင်းထားသည့် deadline ကျော်ခါမှ လာပြင်ခိုင်းတော့ အထက်လူကြီးတွေ အကုန် ဒေါပွတော့သည်။

Golden HourDonde viven las historias. Descúbrelo ahora