"ကဲ ဒါဆိုရင် မောင်မင်းပြည့်စုံပိုင်နဲ့ မမြတ်ဝတီလင်းတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာပွဲက အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ မှတ်ယူလို့ ရပါပြီခင်ဗျာ"
မင်းပြည့်နဲ့ ဝတီလင်းရဲ့ စေ့စပ်ပွဲကို ဝတီလင်းတို့ မြောက်ဒဂုံက အိမ်မှာ လုပ်ဖြစ်တာဖြစ်သည်။ လာရောက်တောင်းရမ်းပေးသည့် လူကြီးမိဘများနှင့် မင်းပြည့်ဘက်က အသိမိတ်ဆွေဖြစ်သည့် သူတို့အုပ်စုသာ ရှိတာမို့ မနက်ခင်းစေ့စပ်ပွဲက သိပ်ပြီး ကြီးကြီးကျယ်ကျယ်တော့ မဟုတ်။ ကြီးကြီးကျယ်ကျယ် ရှိမှာက သူတို့လူငယ်တွေချည်း ရှိသည့် ညနေခင်းပါတီဖြစ်သည်။
မင်းပြည့်က သူ့ဆိုင်ကို တစ်ရက်ပိတ်ပြီး ဆိုင်တွင်းကို ပြင်ဆင်ပြုပြင်ကာ ပါတီအသေးစားလေး ပြုလုပ်လို့ထားလေသည်။ လူငယ်တွေချည်းပဲ ဆိုပေမဲ့ မင်းပြည့်ကလည်း နဂိုကထဲက မိတ်များသူဖြစ်ပြီး ဝတီလင်းကလည်း သူ့customerတွေနှင့်သူမလို့ လူက အယောက်သုံးဆယ်ကျော် လေးဆယ်နီးပါး ဖြစ်လို့သွားသည်။
အသေးစိတ်ကို မင်းပြည့်က သူ့ဆိုင်က ဝန်ထမ်းတွေနှင့် စီစဥ်တာဖြစ်သော်လည်း သတို့သားလောင်းရော သတို့သမီးလောင်းရောနှင့် ရင်းနှီးနေသည့် သူတို့အုပ်စုကတော့ ဟိုလည်းပါ ဒီလည်းပါနှင့် စီစဥ်သူတစ်ဝက် ဧည့်ခံသူတစ်ဝက် လုပ်ရသည်။
"မင်းတို့နှစ်ယောက်ကတော့ စံပဲကွာ ဒီလောက်နှစ်အကြာကြီး တွဲဖို့ဆိုတာ လွယ်မှ မလွယ်တာ"
"တွဲဖို့က လွယ်တယ် မြဲဖို့က မလွယ်တာဟဲ့"
"ငယ်ချစ်တွေဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့ကွာ"
"ငါက မင်းတို့ မယူလောက်ကြသေးဘူးတောင် ထင်နေတာ ဟိုတလောက မြတ်သူတို့ အလှူမှာ သူက ကျောင်းတုန်းက ဘောလုံးပွဲအကြောင်း ဆက်စပ်မိလို့ ပြောရင်းနဲ့ မင်းတို့အတွဲအကြောင်း ပါလာတာ မင်းတို့ မယူကြသေးဘူးလား မေးလို့ ငါက မယူလောက်သေးဘူးကွလို့ ဆရာကြီးလုပ်ခဲ့သေးတာ"
"မရဘူးကွ မစောင့်နိုင်တော့ဘူး အချစ်ကလေးနဲ့ အတူနေချင်လှပြီ"
မင်းပြည့်စကားကြောင့် သူတို့ကျောင်းသားဟောင်းဝိုင်းမှာ ပွဲကျလို့သွားသည်။
![](https://img.wattpad.com/cover/329478285-288-k458449.jpg)
VOCÊ ESTÁ LENDO
Golden Hour
RomanceGolden Hour - The period of time just after sunrise or just before sunset when the light is infused with red and gold tones 🌅 တမင်တကာ မေ့ဖျောက်ထားခဲ့တဲ့ အချစ်ဦးရယ် နေဝင်ဆည်းဆာနဲ့အတူ ပျောက်ကွယ်သွားပြီလို့ ထင်ခဲ့တဲ့ အချစ်တွေရယ်က အရုဏ်ရဲ့ အလင်းရောင်နဲ...