အပိုင်း (၈) - Zawgyi

502 13 0
                                    

"သားတို့ ချောင်းသာဝင်မယ်မှန်း မသိလို့ပေါ့ မဟုတ်ရင် မေမေ ပုစွန်ဆီမှာပါတယ်"

"မင်း ပုစွန်ဆီကို ကလေးက ဘယ်ဝယ်တတ်မလဲ ချောင်းသာဆိုတာ တစ်နေရာထဲမှ မဟုတ်တာ အကျယ်ကြီး"

"ဆိုင်တန်းလေးတွေမှာ ရှိတတ်လို့ ပြောတာပါ ဟိုးတစ်ခေါက် ချောင်းသာသွားတုန်းကလည်း အဲ့လိုပဲ ဆိုင်တန်းလေးတွေကနေ ဝယ်လာတာ ဘယ်နေရာလည်း‌တော့ ကိုယ်လည်း မေ့သွားပြီ ချောင်းသာလည်း မရောက်တာ ဘယ်နှနှစ်တွေ ရှိနေပြီလဲ မသိဘူး ဘယ်လိုနေလဲ သား"

"ချောင်းသာလား သားတို့က လူစည်တဲ့ဘက် သွားတာမဟုတ်ဘူး မေမေရဲ့ အဝင်ပေါက်နားကျ လူလည်းရှုပ်တယ် တည်းတဲ့ ဘုန်းကြီးကျောင်းနဲ့လည်း ဝေးတော့ မသွားဖြစ်တာ သားတို့သွားတဲ့ဘက်ကတော့ မဆိုးပါဘူး လူမများတော့ ရေလည်း သိပ်မနောက်ဘူး အဆင်ပြေပါတယ် နားအေးပါးအေး ရှိတာပေါ့"

"မေမေကတော့ ချောင်းသာထက် ငွေဆောင်ကို ပိုကြိုက်တယ် ငွေဆောင်က ရေပိုပြာတယ်"

"ငွေဆောင်လည်း သွားဦးမယ် သား မရောက်ဖူးသေးဘူး"

"ဟယ် ဟုတ်လား မေမေက သား ရောက်ဖူးတယ်ထင်နေတာ"

"မင်းသားက ငပလီနဲ့ ချောင်းသာပဲ ရောက်ဖူးသေးတာ ငွေဆောင်မရောက်ဖူးသေးဘူး ဟုတ်တယ်မလား"

"ဟုတ် ဖေဖေ"

"ဟယ် ဒါဆို နွေကျ သွားရအောင်လေ တို့မိသားစု သားသူငယ်ချင်းတွေလည်း ခေါ်ပေါ့ နော် အဖေကြီး"

"အေး သွားပေါ့ကွာ"

ခရီးသွားရတာ ကြိုက်တဲ့ မေမေက ခရီးအကြောင်း စကားစတာနှင့်ကို ပျော်နေတော့သည်။ သူလည်း ဒီမှာ အလုပ်တွေ ဘာညာ အခြေတကျ ဖြစ်သွားပြီဆိုရင်တော့ မိဘနှစ်ပါးကို မြန်မာပြည်အနှံ့ ဘုရားဖူး လိုက်ပို့ချင်သေးသည်။ ခရီးသွားဝါသနာအိုး မေမေက ဒါမျိုးဆို နှစ်ခါ အဖော်မစပ်ရသော်လည်း အလုပ်ဂျိုး ဖေဖေကတော့ဖြင့် မနည်း ဖြောင့်ဖျပြီး ခေါ်ရလိမ့်မည်။ ခု ငွေဆောင်သွားမယ်ဆိုတာတောင် သူ့မိန်းမစကားမို့ တစ်ခါထဲနဲ့ အိုခေတာဖြစ်သည်။

"ဪ မေမေ့ဆိုင်ကို decoration ပြင်ဖို့လေ မင်းပြည့်က သူ့ဆိုင်ကို လုပ်ပေးတဲ့သူနဲ့ ချိတ်ပေးမယ်တဲ့"

Golden HourOpowieści tętniące życiem. Odkryj je teraz