အပိုင်း (၁၉)

2.1K 183 23
                                    

လွန်ခဲ့သော ၇နှစ်။

ဆေးတက္ကသိုလ်(၁) ရန်ကုန် Fresher Welcome။

"ဟေ့ကောင် မြန်မြန်သွားကွာ ရှေ့ကနေ ကာဆီးကာဆီးနဲ့"

"နေဦး မအေဘေးရ ဒီမှာ ပုဆိုးကျွတ်နေလို့"

"တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ပုဆိုးမဝတ်ပဲနဲ့ ခုမှ ပုဆိုး ထဝတ်တော့ ဘယ်ခိုင်မလဲ မင်းပုဆိုးက"

"အေးကွာ ခါးပတ်လေးတော့ ပတ်လာလိုက်ရမှာ"

"သူကြီးသားရုပ် ထွက်အောင်လို့လား"

"ဒီရုပ်ဒီရည်နဲ့ သူကြီးသားရုပ်ထွက်စရာလားကွ ရပ်ကြည့်မနေနဲ့ ငါ့ကို ကူစည်းပေးဦး"

မြင်ပြင်းကတ်ကတ်နှင့်ပင် ရှေ့က ကောင်ကို စောင်ကြည့်ကာ သူ့ခါးက ပုဆိုးစကို ဆွဲကိုင်ပြီး စည်းပေးလိုက်သည်။ အမြဲတမ်း ဘောင်းဘီပဲ ဝတ်တတ်သည့်ကောင်က ဒီနေ့မှ ပုဆိုးဝတ်လာတာ တခြားကြောင့်မဟုတ်။ သူနှင့် ဘာလိုလို ညာလိုလို ဖြစ်နေသည့်ကောင်မလေးက ကိုသူရိန့်ကို ပုဆိုးလေးနဲ့ မြင်ချင်လိုက်တာ ဆိုလို့ ဝတ်ချလာတာဖြစ်သည်။

"ဟဲ့ ဟိုမှာ King"

"ဟိဟိ နေသူရိန် အတွဲလိုက်ဟ"

"အင်္ကျီတောင် အပြာဆင်တူနဲ့ဟယ် ကြည့်ပါဦး ပုဆိုးဝတ်ပေးနေတာ သူရိန်က ကလေးကျနေတာပဲ"

ကလေးကျနေတာ မဟုတ်ဘူး ခွေးဖြစ်နေတာလို့သာ အကျယ်ကြီး အော်ပြောလိုက်ချင်သည်။

သူရိန်ဇွဲထက်က the whole king ဖြစ်နေသည့်အလျောက် သူတို့အုပ်စုကလည်း ကျောင်းမှာ King သူငယ်ချင်း ဟိုတစ်ယောက်လေ ဆိုတဲ့နာမ်စားနဲ့ အထိုက်အသင့် နာမည်ကြီးကြသည်။ အဲ့လိုနာမည်ကြီးခြင်းကနေစလို့ သူနဲ့ သူရိန်ဇွဲထက်ကို တစ်တွဲ၊ ထွန်းလင်းသော်နဲ့ သဲသော်ဇင်နိုင်ကို တစ်တွဲ လုပ်ပေးထားပြီး အသည်းအသန် shipလာကြတော့သည်။

အမှန်အတိုင်းပြောရရင် သူနဲ့ သူရိန်ဇွဲထက်ကို shipနေသည့် ကောင်မလေးတွေကို သူ အံ့ဩသည်။ သူရိန်ဇွဲထက်ဆိုတာ ရည်းစားတစ်ယောက်မှ မထားပေမဲ့ အီစီကလီ ဇာတ်လမ်းပေါင်း သောင်းခြောက်ထောင်ကျော် ရှိနေသည့်ကောင်လေ။ ဒီလောက် သံပေတံလို ဖြောင့်တန်းနေတဲ့ ကောင်ကို ကွေးနေမယ်လို့ ထင်နိုင်ကြတာ တော်ရုံဦးနှောက်တော့ မဟုတ်။

Golden HourWhere stories live. Discover now