အပိုင်း (၅) - Zawgyi

815 15 0
                                    

"လက်ပတန်းရွာက ရှေ့လက်ပံ နောက်လက်ပံ မြောက်လက်ပံ တောင်လက်ပံဆိုတဲ့ ရွာလေးရွာကို စုထားတာ အလာတုန်းက ဆိုင်းဘုတ်ကို တွေ့လား လက်ပံတန်းကျေးရွာစုဆိုပြီး ရေးထားတာလေ ရွာလေးရွာကို စုထားလို့ ကျေးရွာစုခေါ်တာပေါ့ ‌ရေးတော့ လက်ပံတန်းပေမဲ့ ဒီဘက်က လူတွေကတော့ လက်ပတန်း(လက်ပဒန်း)ပဲ ခေါ်ကြတာ ‌ရှေ့လက်ပံနဲ့ နောက်လက်ပံမှာတော့ အိမ်ခြေလည်း များတယ် နည်းနည်း ငွေကြေးတတ်နိုင်တဲ့သူလည်း များတယ်ပေါ့‌နော် မြောက်နဲ့ တောင်မှာတော့ အိမ်ခြေ နည်းသလို လက်လုပ်လက်စားသမား ပိုများတယ်"

ဝါးရုံတန်းကို အသွားလမ်းမှာ ကိုနိုင်ဦးက ရွာအကြောင်းတွေကို ဒိုင်ခံရှင်းပြလေသည်။ ရွာလမ်းထဲက ဖြတ်သွားရသည်ဖြစ်၍ ဝိုင်းနှုတ်ဆက်ကြသည့် ရွာသားတွေကို ပြန်နှုတ်ဆက်ရတာ ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်လိုလိုတောင် ခံစားလိုက်ရသည်။ ဝါးရုံတန်းက ရှေ့လက်ပံကို သွားသည့် လှည်းလမ်းဘေးတွင် ရှိတာဖြစ်သည်။ ညနေဘက်ဆို အပျိုလူပျိုတွေ ချိန်းတွေ့ရာနေရာဟုလည်း ကိုနိုင်ဦးအပြောအရ သိရသည်။

"ဝါးရုံတန်းအဆုံးမှာ ကမူလေးရှိတယ်ဗျ အရင်တုန်းကတော့ ဘာမှမရှိဘူး ကမူထိပ်ပြောင်ကြီး ပြီးခဲ့တဲ့နှစ်တွေကမှ ရွာအုပ်ချုပ်ရေးမှူးအသစ်ပြောင်းတော့ သူက ပန်းပင်လေးတွေ ဘာညာ စိုက်ပြီး သစ်ပင်လေးတွေနဲ့ ထိုင်ခုံလေးတွေနဲ့ အလှဆင်လိုက်တာ ငါ့ညီတို့ မြို့က ပန်းခြံတွေနီးနီး လှသွားတာဟေ့"

"လက်ပတန်းက တယ်ဟုတ်ပါလားဗျ"

"ကိုနိုင်ဦး ကျွန်တော်တို့ တည်းတဲ့ရွာကျတော့ ဘာလက်ပံလဲဗျ"

"နောက်လက်ပံလေ ဆရာလေး ဒီတည့်တည့်ဆက်သွားရင် ရှေ့လက်ပံပဲ"

"ကိုနိုင်ဦး ခုနက ပြောတဲ့အထဲ မြောက်လက်ပံနဲ့ တောင်လက်ပံက ငွေကြေး သိပ်မတတ်နိုင်ဘူးဆိုတာ ကြားလို့လေ မနက်ဖြန်ကျရင် ပိုက်ဆံပေးရမယ်ထင်ပြီး မလာမှာစိုးလို့ ပိုက်ဆံပေးစရာမလိုဘူး အလကားပါဆိုတာကို တစ်ချက်လောက် ထပ်ပြီး ဆော်ဩပေးဦးဗျာ နော်"

"စိတ်ချ ကိုတရုတ်ကြီး မပူနဲ့ ရွာလူကြီးတွေလည်း သေချာပြောထားပြီးပြီ ဒါပေမဲ့ မနက်ဖြန်မနက် ကျွန်တော် ထပ်ပြောပေးမယ်"

Golden HourOnde histórias criam vida. Descubra agora