Intro

23.2K 856 18
                                    

Unicode

အချစ်ဦး...ရူးရူးမိုက်မိုက်နဲ့ ခံစားချက်တွေ ဗြောင်းဆန်အောင် လုပ်တတ်တဲ့ အချစ်ဦးကို လူတွေက ဘယ်အရွယ်မှာစတွေ့ကြလဲ ကျွန်တော်မသိဘူး။

ကျွန်တော့်အတွက်တော့ အချစ်ဦးဟာ 12နှစ်အရွယ်မှာ ကျွန်တော့်နှလုံးသားထဲ ၀င်လာခဲ့တာဘဲ။

အိမ်နီးချင်းလို့ဆိုရမလား...မိသားစုသူငယ်ချင်းတွေလို့ ဆိုရမလား။

သူဟာ ကျွန်တော့်နှလုံးသားထဲ အမြစ်တွယ်နေခဲ့တာ။

မသိမသာ သူ့မျက်၀န်းတွေကို ကျွန်တော်ငေးကြည့်နေတာက အကျင့်တစ်ခုလိုဖြစ်နေပြီ။

ကျွန်တော့်အ၀တ်ဗီရိုထဲမှာ နေရာယူထားတဲ့ သူ့ရဲ့ Hoodie တွေ။

ကျွန်တော့်ကို ၀တ်ပေးတတ်သည့် Hoodie တွေက သူ့စီပြန်မရောက်တော့ဘူး။

အမြဲတမ်းကျွန်တော့်အခန်းထဲကို ၀င်လာအိပ်တတ်တဲ့သူ။

သူ့ရဲ့ကိုယ်သင်းနံ့လေးတွေ ကျန်စွဲနေတတ်တဲ့ ကျွန်တော့်ခေါင်းအုံးလေးရယ်...

စောင်လေးရယ်ကို ခိုးပြီးနမ်းရှိုက်တတ်ပင်မဲ့ တစ်ပတ်တစ်ခါ အိပ်ရာခင်းအသစ်လဲပေးတတ်တဲ့ အမေကြောင့် ခနခနစိတ်ဆိုးရပြန်တယ်။

နှမျောလို့...သူ့အငွေ့အသက်လေးတွေကို သိပ်နှမျောခဲ့လို့။

ကြောက်တတ်လွန်းတဲ့ ကျွန်တော့်ကို စနောက်ပြီးရင် သူသိပ်လှောင်တတ်တယ်။

မှိုင်းနေတဲ့ မျက်၀န်းတွေနဲ့ သူ့ကို ပြန်ငေးကြည့်မိရင်

"ပျော့ညံ့လိုက်တာ၊ သတ္တိမရှိလိုက်တာ" ဆိုတဲ့စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို ထိုးနှက်နေစဲ။

စာအုပ်တစ်အုပ်ကိုကိုင်ကာ မျက်မှန်ကိုင်းလေးကို ပင့်တင်လိုက်သည်။

ရေကူးကန်ဘေးနားမှာ အမြဲတမ်းတစ်ယောက်တည်းလိုလို စာဖတ်နေတတ်တာက ကျွန်တော့်အကျင့်။

တခြားကလေးတွေလို အားကစားလည်း မထူးချွန်သလို ဘောလုံးလေးတောင် ကျွန်တော်မကောက်နိုင်ပေ။

နှေးကွေးလွန်းတဲ့ ကျွန်တော်။ အားနည်းလွန်းတဲ့ကျွန်တော်။

The Beautiful Silence Of EvilWhere stories live. Discover now